နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ်ရဲ့ မာကျောမှုကို ဒေါ့မန်တို့ ချိုးဖျက်နိုင်မယ် မထင်ဘူး – ဘွန်ဒက်လီဂါ ပွဲကြိုသုံးသပ်ချက်

ဘေယန်မြူးနစ် – ဒေါ့မန်

အခုတစ်ပတ်ကြားရက်မှာတော့ ဘေယန်မြူးနစ်နဲ့ ဒေါ့မန်တို့ ကစားမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၄ ပွဲကြီးပွဲကောင်း တစ်ပွဲ ရှိနေပါတယ်။ လက်တလော အမှတ်ပေးဇယား ကို ရမှတ်ဖြတ် ဦးဆောင်ထားနိုင်တဲ့ ဘေယန်မြူးနစ်တို့ အမှားခံမှာ မဟုတ်ပဲ ဒေါ့မန်ကလည်း ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရေး အာရုံပြန်စိုက်နေလို့ ကျိန်းသေပေါက် ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

ဘေယန်မြူးနစ်တို့ ပြီးခဲ့တဲ့ လက ဖီဖာ ကလပ်ကမ္ဘာ့ဖလား ကစားခဲ့ရလို့ ပွဲဆက်တွေများပြီး ဘွန်ဒက်စ်လီဂါ မှာ ရလဒ်ပိုင်း အနည်းငယ် ယိမ်းယိုင်ခဲ့တယ်ဆိုပေမယ့် လက်ရှိမှာတော့ ပုံစံကောင်းတစ်ခုပြန်ရနေခဲ့ပါပြီ။ ချန်ပီယံလိဂ်မှာ လာဇီယိုလို အသင်းကောင်းတစ်သင်းကို အဝေးကွင်းမှာ ၁-၄ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့သလို ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာလည်း ကိုလုံးကို ၅-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၂ နေရာက အာဘီလိုက်ပ်ဇစ် ကို ၂ မှတ်သာ ဖြတ်ထားနိုင်လို့ ရမှတ်လိုအပ်ချက် အတွက် မဖြစ်မနေ အနိုင်ရဖို့ အားထုတ်လာပါလိမ့်မယ်။ ဒါ့အပြင် အသင်းမှာ ဘင်ဂျမင် ပါဗက်၊ တိုလစ်ဆို၊ ဒေါက်ကလက်စ် ကော်စတာ တို့လို ကစားသမားတွေကလွဲရင် ကျန် အဓိကကစားသမားတွေ အားလုံး ဒဏ်ရာရ/ပွဲပယ် ကင်းရှင်းနေလို့ အိမ်ရှင်တို့ အတွက် အားတက်စရာပါပဲ။ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေလို့ အခုပွဲမှာ ၃ မှတ်ရဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ နောက်တစ်ချက်က ဘေယန်မြူးနစ်တို့ ဒေါ့မန်နဲ့ နောက်ပိုင်းတွေ့ဆုံမှု တော်တော်များများမှာ အသာရခဲ့တာကြောင့် အစဉ်အလာအရလည်း အသာရနေတာ တွေ့ရပါတယ်။ ဘေယန်မြူးနစ်တို့ရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ရှုံးပွဲလုံးဝမရှိသေးပဲ ၈ ပွဲနိုင်၊ ၃ ပွဲ သရေကျထားတာ တွေ့ရပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် အနိုင်ရထားပြီး ပိုကယ်ဖလားမှာလည်း မိုချင်ဂလတ်ဘတ်ကို အနိုင်ရခဲ့လို့ နောက်တစ်ဆင့်ကို တက်ရောက်ထားပါတယ်။
ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဒေါ့မန်

ဒေါ့မန်တို့ ချန်ပီယံလိဂ် မှာ ဆီဗီလာကို အဝေးကွင်းမှာ အနိုင်ရပြီးကတည်းက စိတ်ဓာတ်ပြန်တက်သွားပြီး ပုံစံကောင်း တစ်ခုလည်း ပြန်ရနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် အနိုင်ရထားပြီး ပိုကယ်ဖလားမှာလည်း မိုချင်ဂလတ်ဘတ်ကို အနိုင်ရခဲ့လို့ နောက်တစ်ဆင့်ကို တက်ရောက်ထားပါတယ်။ အာကန်ဂျီ၊ ဝစ်ဆဲလ်၊ ဂွာရဲရိုး၊ ရှမဲလ်ဇာ တို့ကလွဲရင် လူစုံနေပြီး တိုက်စစ်က အာလင်းဘရွတ်ဟာလန်း၊ ဆန်ချို၊ ရေနာ၊ မာကိုရိုက်စ်တို့ကလည်း အချိတ်အဆက်မိမိနဲ့ သွင်းဂိုးတွေ ရရှိနေတာ တွေ့ရပါတယ်။ လက်တလော ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီးတော့ ဇယားထိပ်ပိုင်းက အသင်းတွေနဲ့ ရမှတ်ကွာဟချက် ရှိနေလို့ အမှီလိုက်နိုင်ရေး အားထုတ်ဖို့ လိုအပ်နေပါတယ်။ ဒေါ့မန်တို့ရဲ့ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲရှုံးထားပြီး အားရစရာတော့ မရှိပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒေါ့မန်နဲ့ ဘေယန်မြူးနစ်တို့ရဲ့ ၂၀၁၀ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၃၆ ကြိမ်အထိ ရှိခဲ့ပြီး ဘေယန်မြူးနစ်က ၁၈ ကြိမ် အနိုင်ရကာ ဒေါ့မန်ကတော့ ၁၂ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၆ ပွဲတော့ ရှိထားပါတယ်။ ဒီရာသီ တွေ့ဆုံမှု ၂ ကြိမ် စလုံးမှာတော့ ဘေယန်မြူးနစ်က ၃-၂ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘိုင်ယန်မြူးနစ် vs ဒေါ့မွန် 1X2 ဘိုင်ယန်မြူးနစ် @ 1.63
မတ် ၇ ရက်, ည ၁၂:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁.၆၆ ဆ၊ သရေအတွက် ၄.၁၀ ဆနဲ့ ဧည့်သည် အသင်း အတွက် ၄.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘေယန်မြူးနစ်တို့ လက်တလောမှာ ပုံစံကောင်းရရှိနေပြီး ဒေါ့မန်ကလည်း ကစားပုံ ပြန်ကောင်းနေပါတယ်။ ဒါပေမယ့် အစဉ်အလာအရတော့ ဘေယန်မြူးနစ်က အပြတ်အသတ် အသာရခဲ့ပါတယ်။ ဒီပွဲမှာလည်း အပြန်အလှန် သွင်းဂိုးတွေနဲ့ ဘေယန်မြူးနစ်တို့ ပဲ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်