နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၃ ရက်အတွင်း ဝုဗ်ကို နောက်တစ်ကြိမ် အနိုင်ယူဦးမယ့် ဆောက်သမ်တန် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် vs ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ စနေန့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ပွဲစဉ်တွေကို ဆက်လက်ကစားဖို့ ရှိနေပြီး ဆောက်သမ်တန်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်တို့ ကစားမယ့် ပွဲစဉ်လည်း ရှိနေပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ရက်က အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ တွေ့ဆုံထားခဲ့ပြီး ဆောက်သမ်တန်တို့က အဝေးကွင်းမှာ ၂ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

ဆောက်သမ်တန်တို့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဝုဗ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ နိုင်ပွဲ ပြန်ရပြီး ရှုံးပွဲဆက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်တို့ အစောပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် ပုံစံကောင်းတစ်ခုကို ပြသနိုင်ခဲ့ပေမယ့် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးကတည်းက အက်စတွန်ဗီလာ၊ မန်ချက်စတာ ယူနိုက်တက်၊ နယူးကာဆယ်တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ အထိတောင် ကျဆင်းသွားခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ၉ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာဆိုရင် ခြေစွမ်းက တော်တော်လေး ဆိုးရွားခဲ့ပြီး တိုက်စစ်က အဆိပ်မရှိ၊ ကွင်းလယ်က ချိတ်ဆက်နိုင်မှုမရှိ၊ ခံစစ်က ရစရာမရှိအောင် ပေါက်ပြဲခဲ့တာကြောင့် ဒီရာသီမှာ ဆောက်သမ်တန်တို့ ပိုင်ဆိုင်ထားတဲ့ ပုံစံကောင်း တစ်ခု လုံးဝ ပျောက်ဆုံးသွားခဲ့တာ သိသာခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်က သွင်းဂိုး ၂၉ ဂိုးရရှိထားပေမယ့် ခံစစ်က ပေးဂိုး ၃၇ ဂိုးအထိ ရှိထားပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် ရဲ့ ပေးဂိုး အများဆုံး အသင်းတွေထဲမှာ ပါဝင်နေခဲ့ပါတယ်။ ဆောက်သမ်တန်တို့ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ လက်ရှိအချိန်ထိ အသင်းမှာ ဒိုင်ယာလို၊ အိုဘာဖေမီ၊ ဝဲလ်ကော့တ်၊ စမောဘုန်း၊ ဂျန်ကီဝစ်ဇ် တို့ကတော့ ဒဏ်ရာရ/ပွဲပယ် ပြသနာတွေကြောင့် ပါဝင်လာနိုင်ဖို့ မရှိပါဘူး။

ဝုဗ်တို့ရဲ့ ခြေစွမ်းက မှန်းရခက်ပြီး နိုင်ချင်တဲ့ ပွဲဆို နိုင်၊ ရှုံးချင်တဲ့ ပွဲဆိုရင် ရှုံးနေတာတွေ့ရပါတယ်။ အာဆင်နယ်ကို နိုင်ပြီး လက်စတာစီးတီးနဲ့ ချဲလ်ဆီးကို သရေကစားနိုင်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်၊ ဝက်စ်ဘရွန်း၊ ဆောက်သမ်တန်တို့လို အသင်းတွေကို ရှုံးနိမ့်ခဲ့တာကို ကြည့်ချင်းအားဖြင့် တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မမှန်ဘူးဆိုတာ မြင်သာနေပါတယ်။ လက်ရှိ အချိန်ထိ ဝုဗ်မှာ ပိုဒန့်စ်၊ ဂျင်မီနက်ဇ်၊ ဘိုလီတို့လို ကစားသမားတွေ ဒဏ်ရာ ရရှိနေဆဲ ဖြစ်လို့ နိုင်ပွဲရဖို့ဆိုတာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဝုဗ်တို့ရဲ့ အဓိက အားနည်းချက်က တိုက်စစ် ဖြစ်ပြီး ရာအူးလ် ဂျင်မီနက်ဇ် ဒဏ်ရာ ရရှိသွားပြီးကတည်းက သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမား အခုထိ မရှိသေးပါဘူး။ နောက်ပြီး ဒီရာသီမှာ အစောပိုင်း ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ၂ ကြိမ်စလုံး အသာမရခဲ့တဲ့ ဆောက်သမ်တန်ကို ထပ်ပြီး ရင်ဆိုင်ရမှာ ဖြစ်လို့ ကျိန်းသေပေါက် ရုန်းကန်ရဖို့ ရှိနေပါတယ်။ ဝုဗ်တို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၆ ပွဲရှုံးထားလို့ အားရစရာတော့ မရှိပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆောက်သမ်တန်နဲ့ ဝုဗ်တို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင်တော့ ၃ ကြိမ်စီ အနိုင်ရပြီး ၂ ပွဲသရေကျထားလို့ မျှတတယ်လို့ဆိုရပါတယ်။ ဒီရာသီအတွက် ပရီးမီးယားလိဂ် ပထမအကျော့ တွေ့ဆုံမှုမှာတော့ သရေကျထားပြီး ပြီးခဲ့တဲ့ အက်ဖ်အေဖလား တွေ့ဆုံမှုမှာတော့ ဆောက်သမ်တန်က မိုလီနစ် မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆောက်သမ်တမ် vs ဝူဗာဟမ်တမ် 1X2 ဆောက်သမ်တမ် @ 2.49
ဖေဖော်ဝါရီလ ၁၄ ရက်, ည ၆:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၃၇ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၂၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၁၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်တလောခြေစွမ်းအရ ဆိုရင်တော့ နှစ်သင်းစလုံးက အားရစရာ အခြေအနေမှာ ရှိမနေပါဘူး။ ဒါပေမယ့် ဒန်နီအင့်ဂ်၊ ချေးအက်ဒမ် တို့ရှိနေတဲ့ ဆောက်သမ်တန် တိုက်စစ်က ဝုဗ်တို့ထက် ပိုပြီး တည်ငြိမ်နေပါတယ်။ ဆောက်သမ်တန်တို့ပဲ အနိုင်သွားမယ်ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်