နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကရေဗင်ကော့တေ့ချ် နိုင်ပွဲရဖို့ ရုန်းကန်ရမယ့် လက်စတာစီးတီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် – လက်စတာစီးတီး

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ လက်စတာစီးတီးတို့ ခြေစွမ်းမာကျောတဲ့ ဖူလ်ဟမ်နဲ့ လာမယ့် ကြာဿပတေးနေ့ နံနက် ၁၂ နာရီခွဲအချိန်မှာ ကစားဖို့ ရှိနေပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီးတို့ အတွက် ထိပ်ဆုံးက အသင်းတွေနဲ့ ရမှတ်ကွာဟချက် မကြီးမားစေဖို့ အခု အသင်းကြီးတွေဆိုရင် ဒုက္ခပေးလေ့ရှိတဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာ သေချာအာရုံစိုက် ကစားဖို့ လိုအပ်နေခဲ့ပါတယ်။

 
ဖူလ်ဟမ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပြီး သရေပွဲတွေ ရှုံးပွဲတွေ ကြားမှာ တဝဲလည်လည် ဖြစ်နေဆဲပါ။ ဖူလ်ဟမ်တို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ သရေပွဲ ၈ ပွဲအထိ ရှိထားပြီး သရေအများဆုံး ကျထားတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်နေပါတယ်။ ဖူလ်ဟမ်တို့ရဲ့ လက်ရှိခြေစွမ်းက ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် တော်တော်လေး တောင့်တင်း မာကျောပြီး ကစားအား ကောင်းနေပေမယ့် နိုင်ပွဲ ရဖို့တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ လက်တလော ကွန်ဂိုလို၊ ကီယာနီ တို့ နှစ်ဦး ဒဏ်ရာပြသနာတွေ ရှိနေတာကလွဲရင် ကျန် အဓိက ကစားသမားတွေ အားလုံး ပါဝင်လာနိုင်ဖို့ရှိလို့ ဧည့်သည်အသင်းကို ကျိန်းသေပေါက် ဒုက္ခပေးနိုင်စွမ်း ရှိနေပါလိမ့်မယ်။ ဖူလ်ဟမ်တို့ရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၁၀ ပွဲ ကစားရာမှာ နိုင်ပွဲ ၁ ပွဲ သာ ရှိထားပြီး ၃ ပွဲသရေ၊ ၆ ပွဲအထိ ရှုံးထားလို့ အားရစရာ အခြေအနေတစ်ခုမှာတော့ ရှိမနေခဲ့ပါဘူး။

လက်စတာစီးတီးတို့ကတော့ပြီးခဲ့တဲ့ပရီးမီးယားလိဂ်၂ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးအမှတ်ပေးဇယားအဆင့်၄နေရာအထိလည်းဆင်းပေးခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး

လက်စတာစီးတီးတို့ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာအထိလည်း ဆင်းပေးခဲ့ရပါတယ်။ အဲဗာတန်နဲ့ ပွဲမှာ လက်စတာစီးတီးတို့ရဲ့ ခြေစွမ်း ဘယ်လောက်အထိ ကျဆင်းနေသလဲဆိုတာ မသိသာခဲ့ပေမယ့် လိဒ်စ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာတော့ ခံစစ်က ဘယ်လောက်အထိ ပေါက်ပြဲနေသလဲဆိုတာ အရှင်းသားမြင်တွေ့ခဲ့ရပါတယ်။ လက်စတာတို့ရဲ့ ခြေစွမ်းက ချဲလ်ဆီးကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲတုန်းက ပုံစံမျိုး လုံးဝ မတွေ့ရတော့လို့ နည်းပြ ဘရန်ဒန်ရော်ဂျာ အနေနဲ့ အခုပွဲမှာ သေချာပေါက် ရလဒ်ကောင်းဖို့ ပြန်လည်ကြိုးပမ်းလာပါလိမ့်မယ်။ လက်ရှိမှာတော့ အဓိက တိုက်စစ်မှူး ဂျေမီဗာဒီ ဒဏ်ရာရရှိနေလို့ ပါဝင်လာနိုင်မှာမဟုတ်ပဲ အန်ဒီဒီ၊ ကတ်စတန်နီ တို့အပြင် မော်ဂန် ဖိုဖာနာတို့ လွဲချော်ဖွယ်ရှိနေတာကလည်း လက်စတာစီးတီးတို့ အတွက်ကတော့ စိတ်ပျက်စရာ အခြေအနေပဲ ဖြစ်ပါတယ်။ လက်စတာစီးတီးတို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို တစ်ချက် ပြန်ကြည့်ရရင်တော့ အားရစရာ ကောင်းနေတာတွေ့ရပြီး ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဖူလ်ဟမ်နဲ့ လက်စတာတို့ သမိုင်းတစ်လျှောက် ၈၅ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဖူလ်ဟမ်တို့ အကြိမ် ၄၀ အထိ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ လက်စတာစီးတီးတို့ကတော့ ၂၈ ကြိမ် ပြန်လည်အနိုင်ရထားပြီး ဒီရာသီ ပထမအကျော့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဖူလ်ဟမ်က ကင်းပါဝါကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဖူလ်ဟမ် – လက်စတာစီးတီး 1X2 သရေ @ ၃.၅၀ဆ
ဖေဖော်ဝါရီလ ၄ရက်, ည၁၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၄.၀၀ ဆနဲ့ဧည့်သည်အသင်းအတွက်၁.၉၀ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၅၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ထိပ်တိုက်တွေ့ဆုံမှု အရဆိုရင် ဖူလ်ဟမ်တို့ကတောင် ပိုပြီး အသာရခဲ့တာ တွေ့ရပြီး ဒီရာသီ ပထမအကျော့မှာ ရှုံးပွဲတွေဆက်နေတဲ့ ဖူလ်ဟမ်ဟာ လက်စတာကိုတော့ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ လက်တလောမှာလည်း လက်စတာစီးတီးတို့ ခြေစွမ်းပြန်ကျနေလို့ ဖူလ်ဟမ်တို့ သရေ ၁ မှတ်တော့ မျှော်လင့်နိုင်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်