ဝက်စ်ဟမ်း -လစ်ဗာပူးလ်
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို ဂိုးပြတ် အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ထားတဲ့ လစ်ဗာပူးလ်တို့အတွက် နောက်ထပ် ပွဲကြပ်တစ်ပွဲကစားရဦးမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အကောင်းပုံစံရပြီး နိုင်ပွဲဆက်နေတဲ့ ဝက်စ်ဟမ်းတို့ လစ်ဗာပူးလ်ကို အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်လာဖို့ရှိနေလို့ သူတပြန်ကိုယ်တပြန် ကစားပြီး အမှားနည်းတဲ့ အသင်းက အနိုင်ရသွားမယ့် သဘောမှာ ရှိနေပါတယ်။
ဝက်စ်ဟမ်းတို့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲ နိုင်ပွဲဆက်ထားပါတယ်။ ပရီးမီးယားလိဂ် မှာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲဆက် ရှုံးပွဲမရှိပဲ ၄ ပွဲဆက် အနိုင်ရထားလို့ ရမှတ် ၁၄ မှတ်အထိ ရှာဖွေထားနိုင်ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ပိုင်းက အသင်းတွေကိုတောင် တောက်လျောက် ဖိအားပေးနေတာ တွေ့ရပါတယ်။ အန်တိုနီယို ဦးဆောင်တဲ့ တိုက်စစ်အပြင် ဘိုဝင်၊ ဖော်နယ်စ်၊ ဆိုချက်ခ်၊ ဒီကလန်ရိုက်စ်၊ ခရက်စ်ဝဲလ်တို့ ကွင်းလယ်နဲ့ ခံစစ်က ဂိုးရဖို့ အကောင်းဆုံး ပံ့ပိုးပေးနေလို့ ဝက်စ်ဟမ်းတို့ နိုင်ပွဲ ရဖို့ မခက်ခဲတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒေးဗစ်မိုရက်စ်ရဲ့ အသင်းက ဒဏ်ရာရ/ပွဲပယ်ပြစ်ဒဏ်ထိထားတဲ့ ကစားသမားမရှိလို့ လစ်ဗာပူးလ်ရဲ့ အားနည်းတဲ့ ခံစစ်ပိုင်းကို ပွဲချိန်ပြည့် ဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်။ နောက်ပြီးတော့ ဝက်စ်ဟမ်းတို့ရဲ့ အိမ်ကွင်း ရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံးထားပြီး ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည် အကောင်းဆုံး ၃ သင်းထဲမှာ ပါဝင်နေပါတယ်။
လစ်ဗာပူးလ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို အနိုင်ရပြီးပရီးမီးယားလိဂ်၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိတော့ လစ်ဗာပူးလ်ရဲ့ ခြေစွမ်းကို လုံးဝ ယုံကြည်လို့ မရနိုင်သေးပဲ တိုက်စစ်ရော ခံစစ်မှာပါ အားနည်းချက်တွေ ရှိနေပါသေးတယ်။ ဖာဘင်ဟို ဒဏ်ရာရရှိသွားတာကလည်း ခံစစ်ပိုင်း အားနည်းနေတဲ့ လစ်ဗာပူးလ်အတွက် နောက်ထပ် စိတ်ပျက်စရာ အခြေအနေတစ်ခု ဖြစ်ပြီး လက်ရှိမှာ ဂျော့တာ၊ ဂိုးမက်ဇ်၊ မက်တစ်ပ်၊ ဗန်ဒိုက်ဂျ်၊ နာဘီကေတာ တို့လည်း ပါဝင်နိုင်မှာ မဟုတ်သေးပါဘူး။ လစ်ဗာပူးလ်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ပွဲ ၂၀ ကစားထားပြီး ၁၀ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၃ ပွဲရှုံးထားပြီး ရမှတ် ၃၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည်ကတော့ ၃ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၂ ပွဲရှုံးထားလို့ အားရစရာတော့ မကောင်းပါဘူး။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
လစ်ဗာပူးလ်တို့ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ အသာရခဲ့တာ တွေ့ရပြီး သမိုင်းတစ်လျှောက် ၇၇ ပွဲအထိ အနိုင်ရရှိထားခဲ့ပါတယ်။ အိမ်ရှင်အသင်းကတော့ ၂၈ ပွဲသာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ် စလုံးမှာလည်း အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ဝက်စ်ဟမ်း -လစ်ဗာပူးလ် | 1X2 လစ်ဗာပူးလ် @ ၁.၇၅ဆ | |
ဇန်နဝါရီလ ၃၁ရက်, ည၁၁:၀၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၄.၃၃ဆနဲ့ဧည့်သည်အသင်းအတွက်၁.၇၅ ဆကြေးဖွင့်ပြီးသရေအတွက်၄.၀၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေရော စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ပြင်ဆင်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လို့ နည်းပြ ဂျာဂျင်ကလော့ပ် အနေနဲ့ ကျိန်းသေပေါက် အာရုံစိုက် ကစားစေပါလိမ့်မယ်။ ဆာဒီယိုမာနေး-မိုဆာလာ-ဖေမီနို တိုက်စစ်အတွဲ ပုံမှန်ခြေစွမ်း ရှိရင် ဝက်စ်ဟမ်း နောက်တန်းကို ကျော်ဖြတ်ဖို့ မခက်ပါဘူး။ လစ်ဗာပူးလ်ကိုပဲ ကြိုက်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.