ခရစ္စတယ်ပဲလေ့စ် vs ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်
လာမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့ စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ကစားဖို့ ရှိနေပြီးတော့ အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ရဲ့ ပွဲစဉ်လည်း ရှိနေပါတယ်။ လက်ရှိမှာ နှစ်သင်းလုံး ခြေပျက်နေလို့ ဘယ်အသင်းအနိုင်ရမလဲဆိုတာ ခန့်မှန်းရခက်နေပြီး ၁ မှတ်စီ ခွဲယူကြမယ့် အခြေအနေမှာ ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပြီး အက်ဖ်အေဖလား မှာလည်း ဝုဗ်ကို ရှုံးနိမ့်ပြီး တတိယအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ထားရပါတယ်။ လက်ရှိ ရွိုင်းဟော့ဆန်ရဲ့အသင်းမှာ ဝီလ်ဖရိုင်းဇာဟာ၊ ဘန်တီကီ၊ အီးဇီး၊ တောင်ဆန်၊ မီလီဗိုဂျီဗစ်၊ ကိုယာတေး၊ ကာဟေးလ် တို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့် နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့တာကို အဖြေရှာဖို့ လိုအပ်နေခဲ့ပါပြီ။ ပရီးမီးယားလိဂ် မှာ ပွဲ ၂၀ ကစားထားပြီး နိုင်ပွဲ ၆ ပွဲ၊ သရေပွဲ ၅ ပွဲ၊ ရှုံးပွဲ ၉ ပွဲအထိ ရှိထားပြီး ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ လက်တလော အသင်းမှာ ဝစ်ခ်ဟမ်း၊ တွမ်ကင်၊ မက်တီတာ၊ ဂျက်ဖရီ ရှလက်ပ်၊ ဆာခို၊ ဖာဂူဆန်၊ ဟန်နက်ဆီတို့ ဒဏ်ရာရရှိနေလို့ အခုပွဲမှာ ပါဝင်လာဖို့ မသေချာပါဘူး။
ဝုဗ်တို့ကလည်း ပဲလေ့စ်နဲ့ တူတူပါပဲ။ အသင်းမှာ တကယ့်ကို အရည်အချင်းရှိတဲ့ ကစားသမားတွေ အများအပြား ရှိနေပေမယ့် အသင်းလိုက် ဟန်ချက်ပျက်နေလို့ ရလဒ်တွေ ဆိုးရွားနေခဲ့ပါတယ်။ အဓိကကတော့ တိုက်စစ်ပိုင်း အားနည်းနေတာ ဖြစ်ပြီး ရာအူးလ်ဂျင်မီနက်ဇ် ဒဏ်ရာရရှိနေတာက ဝုဗ်တို့ကို ကစားအား တော်တော်လေး ကျဆင်းသွားစေပြီး ဂိုးပေါက်လည်း ပျောက်ဆုံးနေစေခဲ့ပါတယ်။ ပက်ဒရို နက်တို၊ ထရာအိုရေးတို့ ပွဲတိုင်းမှာ အားကုန်ရုန်းနေပေမယ့် တိုက်စစ်က လူငယ်ကစားသမားလေး ဖေဘီယိုဆေးလ်ဗားရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေလို့ သွင်းဂိုးတွေနဲ့ ဝေးနေရဆဲ ဖြစ်ပါတယ်။ ဝုဗ်တို့ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲကို ပြန်ကြည့်ရင် နိုင်ပွဲ ၂ ပွဲသာ ရှိထားပြီး ဒါကလည်း အက်ဖ်အေဖလား ဖြစ်ပြီး ပရီးမီးယားလိဂ် မှာတော့ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အတူတူ ရမှတ် ၂၃ မှတ်စီရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ဝုဗ်တို့ရဲ့ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ အားရစရာ မရှိပဲ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဝုဗ်တို့ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံခဲ့သမျှမှာ အသာရခဲ့တာတွေ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၆၉ ပွဲမှာ ဝုဗ်တို့ ၂၉ ပွဲ အနိုင်ရထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ ၂၁ ကြိမ် အနိုင်ရထားပါတယ်။ ဒီရာသီတွေ့ဆုံမှု ၂ ကြိမ်မှာတော့ ဝုဗ်တို့ ပရီးမီးယားလိဂ်မှာ ၂-၀ နဲ့ အနိုင်ရပြီး အက်ဖ်အေဖလားမှာတော့ ၁-၀ နဲ့ အနိုင်ရထားပါတယ်။
လောင်းကြေးဆိုင်ရာအကြံပြုချက်များ
ခရစ္စတယ်ပဲလေ့စ် vs ဝူဗာဟမ်တမ် | 1X2 သရေ @ 3.05 | |
ဇန်နဝါရီလ ၃၀ ရက်, ည ၉:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၈၇ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၅၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ နှစ်သင်းစလုံး ခြေပျက်နေလို့ ပွဲကတော့ ကြည့်ကောင်းဖို့ မရှိပါဘူး။ တိုက်စစ်ပိုင်း အားနည်းချက် ကိုယ်စီရှိနေကြလို့ သွင်းဂိုးတွေမြင်တွေ့ရဖို့လည်း မဖြစ်နိုင်ပါဘူး။ သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားနိုင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.