နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်တို့ ဆောက်သမ်တန်ကို ပရီးမီးယားလိဂ်မှာ လက်စားပြန်ချေမှာလား – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် vs အာဆင်နယ်

အက်ဖ်အေဖလားမှာ ထိပ်တိုက်တွေ့ဆုံပြီး ၄ ရက်အကြာမှာတော့ ဆောက်သမ်တန်နဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အဖြစ် ထပ်ပြီး ကစားဖို့ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာ ဆောက်သမ်တန်ကို အသာစီးမယူနိုင်ခဲ့တဲ့ အာဆင်နယ်တို့ အခုတစ်ကြိမ်မှာရော ဘယ်လိုပုံစံနဲ့ ရင်ဆိုင်လာဦးမလဲဆိုတာ စောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။

ဆောင်သမ်တန်တို့ တစ်ပွဲနဲ့တစ်ပွဲ ခြေစွမ်းအတက်အကျ မမှန်သလို ရလဒ်‌တွေကလည်း ကောင်းလိုက်မကောင်းလိုက် ဖြစ်နေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အာဆင်နယ်ကို အဘက်ဘက်က အသာစီးရယူ ကစားပြီး ၁-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့လို့ ပဉ္စမအဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းထားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာတော့ ၁ ပွဲသာ အနိုင်ရပြီး ၃ ပွဲသရေကျပြီး ၂ ပွဲရှုံးထားလို့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ တစ်ချက်ရှိတာက ဆောက်သမ်တန်တို့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ လစ်ဗာပူးလ်နဲ့ပွဲမှာ ဖြစ်လို့ အသင်းကြီးတွေနဲ့ တွေ့ရင် ဘယ်လိုပုံစံနဲ့ ကစားပြီး ဘယ်လောက်အထိ ဒုက္ခပေးနိုင်တယ်ဆိုတာ အားလုံးလည်း သိပြီးကြီပြီ ဖြစ်မှာပါ။ ဆောက်သမ်တန်တို့ ဒီရာသီ အာဆင်နယ်နဲ့ တွေ့ဆုံခဲ့တဲ့ ၂ ပွဲစလုံးမှာ အသာရခဲ့ပြီး ပရီးမီးယားလိဂ် မှာ သရေကျခဲ့သလို ပြီးခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ‌တော့ အနိုင်ရထားခဲ့ပါတယ်။ ဆောက်သမ်တန်တို့ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲ ရှုံးထားပါတယ်။ ဗတ်စတာဂတ်၊ အိုဘာဖေမီ၊ ဒီဂျန်ပို၊ ရက်ဒ်မွန်၊ ရိုမီယူတို့ ဒဏ်ရာရရှိနေလို့ အခုပွဲမှာတော့ ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။

 
အာဆင်နယ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ရှုံးပွဲ လုံးဝမရှိထားလို့ ရမှတ် ၁၆ မှတ်အထိ စုဆောင်းထားနိုင်ခဲ့ပါတယ်။ မီခယ် အာတေးတားအနေနဲ့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်နေခဲ့လို့ ဖိအားအထိုက်အလျောက် လျော့သွားခဲ့ပေမယ့် ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရလို့ ဖိအားတွေ ပြန်ဝင်သွားခဲ့ရပြန်ပါတယ်။ လက်ရှိ အာဆင်နယ်တို့ ခြေစွမ်းအတက်အကျ မမှန်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက အာတေးတား အနေနဲ့ နည်းစနစ်ပိုင်းနဲ့ ကစားသမား အပြောင်းအလဲတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ဖြစ်ပြီး အာတေးတား အနေနဲ့ အခုပွဲမှာသာ မှန်ကန်တဲ့ လူစာရင်းကို အသုံးမပြုနိုင်ခဲ့ရင်တော့ ရမှတ် ဆုံးရှုံးရဖို့ ရှိနေပါတယ်။ ဂန်းနားတို့ လက်တလော ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး အခုပွဲမှာသာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည်တက်လှမ်းနိုင်မှာ ဖြစ်လို့ ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပါလိမ့်မယ်။ တိုက်စစ်က အော်ဘာမီယန်း၊ ကွင်းလယ်က ဆယ်ဘာယော့စ်နဲ့ နောက်တန်းက ပါဘလို မာရီတို့ကတော့ ဒဏ်ရာပြသနာတွေကြောင့် ပါဝင်လာနိုင်ဖို့ မသေချာပါဘူး။ အာဆင်နယ်တို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၄ ပွဲရှုံးထားပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာတော့ ၁ ပွဲသာ အနိုင်ရပြီး ၃ ပွဲသရေကျပြီး ၂ ပွဲရှုံးထားလို့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
အာဆင်နယ်နဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ကြိမ်စလုံး အသာရခဲ့တဲ့ ဆောက်သမ်တန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဆောက်သမ်တန်နဲ့ အာဆင်နယ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၀၁ ကြိမ်မှာ ဆောက်သမ်တန်တို့ ၂၂ ကြိမ် အနိုင်ရပြီး အာဆင်နယ်က ၅၁  ကြိမ်ရထားပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ဆောက်သမ်တန်တို့ ၁ ပွဲနိုင်ပြီး ၁ ပွဲ သရေကျအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆောက်သမ်တန် vs အာဆင်နယ် 1X2 အာဆင်နယ် @ 2.38
ဇန်နဝါရီလ ၂၇ ရက်, ည ၂:၄၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၂၀ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၃၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၄၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အာဆင်နယ်တို့ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အရန်ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့လို့ ရှုံးနိမ့်ခဲ့ရတာကို အခုပွဲမှာ ပြန်ပြီး ချေဖျက်ချင်နေပါလိမ့်မယ်။ နောက်ပြီး အာဆင်နယ်တို့ အာရုံစိုက်ရမယ့် နောက်ထပ် ပြိုင်ပွဲတစ်ခု လျော့သွားခဲ့လို့ ပရီးမီးယားလိဂ်ကို သေချာ ဂရုစိုက်ကစားလာပါလိမ့်မယ်။ အာဆင်နယ်တို့ ကပ်ပြီး အနိုင်ရသွားဖို့ မျှော်လင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်