ရှက်ဖီးလ်ယူနိုက်တက် – တော့တင်ဟမ်ဟော့စပါး
လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့ တနဂ်နွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက ရှက်ဖီးလ်ယူနိုက်တက် နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ပွဲကို SBOTOP ပရိသတ်တွေ အတွက် ခန့်မှန်းပေးချင်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နိုင်ပွဲပြန်ရှာတွေ့ထားတဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ စိတ်ဓာတ်ပြန်တက်နေလို့ အဝေးကွင်းမှာ လာကစားရမယ့် စပါးတို့ နိုင်ပွဲရဖို့ ခက်ခဲဦးမှာပါ။
ရှက်ဖီးလ်ယူနိုက်တက်တို့ နယူးကာဆယ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နိုင်ပွဲပြန်လည် ရှာတွေ့ခဲ့ပြီးတော့ ၁၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ နိုင်ပွဲ ဈေးဦးပေါက်ခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ သေချာတာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်တက်နေပါလိမ့်မယ်။ လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ ၁၈ ပွဲကစားပြီး ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁၅ ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် ရမှတ် ၅ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေလို့ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ အတွက် ဆိုရင် ၉ မှတ်လောက် ကွာဟ နေပါသေးတယ်။ လက်ရှိ အသင်းမှာ ဆန်ဒါဘက်ဂျ်၊ မက်ဘန်နီ တို့ ဒဏ်ရာ ပြသနာတွေ ရှိနေလို့ အခုပွဲစဉ်မှာတော့ ပါဝင်လာနိုင်ဖွယ်မရှိပါဘူး။ ရှက်ဖီးလ်ယူနိုက်တက်တို့ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကတော့ ၂ ပွဲနိုင်ပြီး ၃ ပွဲရှုံးထားပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်လည်း အားရစရာ မရှိတဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ဒီရာသီမှာ သရေပွဲကလည်း ၂ ပွဲသာ ရှိထားပါတယ်။
တော့တင်ဟမ်ဟော့စပါးတို့ လိဒ်စ်ယူနိုက်တက်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ တိုက်စစ်က ဆွန်ဟောင်မင်နဲ့ ကိန်းတို့ ဂိုးပေါက်ပြန်တွေ့ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရပြီး ၁ဂိုးစီသရေကျခဲ့ပါတယ်။ လက်ရှိစပါးရဲ့ ခြေစွမ်းက နည်းပြ ဂျိုဆေး မော်ရင်ဟို ပြောသလိုပါပဲ။ ဒဏ်ရာရကစားသမားတွေ မရှိတော့သလို ကစားသမားကောင်းတွေလည်း တပုံတပင်ရှိနေပေမယ့် ပွဲတစ်ပွဲကို ဘယ်လို အဆုံးသတ်ရမယ်ဆိုတာ မသိဘူးဖြစ်နေပါတယ်။ ဖူလ်ဟမ်နဲ့ ပွဲမှာဆိုရင် တိုက်စစ်က တစ်ပွဲလုံး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တာကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းပါတယ်။ ကွင်းလယ်က အန်ဒွန်ဘီလီ ခြေစွမ်းပြနေလို့ စပါးတို့ ခံသာနေတာ ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်တဲ့ ဆွန်နဲ့ ကိန်းတို့ ခြေစွမ်းမပြနိုင်သေးသ၍ စပါးတို့ နိုင်ပွဲရဖို့ ခက်နေဦးမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လည်း အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာယူနိုက်တက်နဲ့ ရမှတ်ကွာဟချက် ၆ မှတ်သာ ရှိနေလို့ ဘာမဆို မျှော်လင့်နိုင်တဲ့ အခြေအနေဖြစ်ပြီး အခုပွဲမှာ ရုန်းအားကောင်းကောင်းနဲ့ ၃ မှတ် အပြည့်ရဖို့ အားစိုက်ကစားပါလိမ့်မယ်။ အသင်းမှာ ဒဏ်ရာရရှိနေတဲ့ လိုဆယ်ဆို တစ်ဦးတည်းကလွဲရင် ကျန်ကစားသမားတွေ အားလုံး ပါဝင်လာဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
ရှက်ဖီးလ်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ၉၂ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တော့တင်ဟမ်ဟော့စပါးက ၃၆ ကြိမ် အနိုင်ရထားပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ကတော့ ၂၉ ကြိမ် အနိုင်ရထားပြီး သရေပွဲကတော့ ၂၇ ပွဲ ရှိထားပါတယ်။ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ပထမအကျော့မှာ ၁-၁ နဲ့သရေကျပြီး ဒုတိယအကျော့မှာ ရှက်ဖီးလ်ယူနိုက်တက်က ၃-၁ နဲ့အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ရှက်ဖီးလ်ယူနိုက်တက် – တော့တင်ဟမ်ဟော့စပါး | 1X2 ဧည့်သည် @ ၁.၆၆ဆ | |
ဇန်နဝါရီလ ၁၇ရက်, ည၈:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၅.၇၅ဆနဲ့ဧည့်သည်အသင်းအတွက်၁.၆၆ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၆၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ ရှက်ဖီးလ်ယူနိုက်တက်တို့ နိုင်ပွဲ ပြန်ရှာတွေ့ထားပေမယ့် တော့တင်ဟမ်ဟော့စပါးကို အနိုင်ရဖို့လောက်အထိ အစွမ်းအစမရှိသေးပါဘူး။ ပြီးခဲ့တဲ့ပွဲမှာ စပါးတို့ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပေမယ့် အခုပွဲမှာတော့ ရမှတ်လိုအပ်ချက် အတွက် အားစိုက်ကစားလာပါလိမ့်မယ်။ စပါးတို့ ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရသွားပါလိမ့်မယ်။ ခန့်မှန်းရလဒ် ၁-၂ ပါ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.