နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေပြန်တက်နေတဲ့ အာဆင်နယ်ကို ပဲလေ့စ်တို့ တားနိုင်မယ်မထင်ဘူး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် vs ခရစ္စတယ်ပဲလေ့စ်

လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၂ နာရီ ၃၀ မိနစ်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ပွဲစဉ်ကို SBOTOP ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေပြန်တက်နေပြီး နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်တို့ ရလဒ်တွေ ဆိုးရွားနေတဲ့ ခရစ္စတယ်ပဲလေ့စ် ကို အနိုင်ယူပြီး နိုင်ပွဲဆက်နိုင်ဦးမလား ဆိုတာတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အာဆင်နယ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲဆက်တိုက် အနိုင်ရထားပြီး လူငယ်ကစားသမားတွေ ခြေစွမ်းပြပြီး ဂိုးတွေလည်း မြူးနေပါတယ်။ ပရီးမီးယားလိဂ် မှာ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အာဆင်နယ်တို့ ချဲလ်ဆီးကို အနိုင်ရပြီးကတည်း စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ပြန်တက်လာခဲ့သလို အသင်းလိုက် ကစားပုံလည်း ပြန်ကောင်းလာခဲ့ပါတယ်။ အော်ဘာမီယန်း အရင်ခြေစွမ်း ပြန်မရသေးဘူး ဆိုပေမယ့် စီနီယာကစားသမား ဖြစ်တဲ့ လာကာဇက်က အရေးပါတဲ့ ဂိုးတွေ သွင်းပေးနေခဲ့ပြီး ဆာကာ၊ စမစ်ရိုးဝ်၊ တို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရလဒ်တွေ တော်လျောက် ကောင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အက်ဖ်အေဖလားမှာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပွဲက သက်သေပါပဲ။ အာဆင်နယ်တို့ ရလဒ်ကောင်းနေခြင်းရဲ့ နောက်ထပ် အဓိကသော့ချက် တစ်ခုကတော့ ဘယ်နောက်ခံလူ ကီရန် တီယာနီရဲ့ စွမ်းဆောင်ရည်ကြောင့် ဖြစ်ပါတယ်။ အာဆင်နယ်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၇ ပွဲကစားပြီး ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၈ ပွဲရှုံးပြီး ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ တစ်ချက်ရှိတာက အာဆင်နယ်တို့ ခရစ္စတယ်ပဲလေ့စ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲသရေကျပြီး ၁ ပွဲရှုံးနိမ့်ထားကိုတော့ သတိချပ်စရာ ရှိပါတယ်။

 
ခရစ္စတယ်ပဲလေ့စ် ကတော့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အနိမ့်ဆုံး သရေကစားထားနိုင်ပြီး လန်ဒန်ဒါဘီ တွေ့ဆုံမှုတိုင်း မှာလည်း အခက်တွေ့စေခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထာပြီး ၃ ပွဲသရေကျကာ ၃ ပွဲရှုံးနိမ့်ထားပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ရှက်ဖီးလ်ယူနိုက်တက် ကို အနိုင်ရပြီး ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပေမယ့် လက်တလောမှာတော့ ခြေစွမ်းက တော်တော်လေး ယိမ်းယိုင်နေလို့ အာဆင်နယ်ကို ယှဉ်ကစားနိုင်မယ် မထင်ပါဘူး။ လက်တလော အာဆင်နယ်ရဲ့ အနောက် ရမှတ် ၁ မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထာပြီး ၃ ပွဲသရေကျကာ ၃ ပွဲရှုံးနိမ့်ထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့  ၂၀၁၃ ခုနှစ် နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၁၄ ကြိမ်မှာ အာဆင်နယ်က ၈ ကြိမ် အနိုင်ရပြီး ပဲလေ့စ်က ၂ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၄ ပွဲပဲ ရှိထားပြီး နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ်မှာ ခရစ္စတယ်ပဲလေ့စ်က အန်းမရိတ်စ်ကွင်းမှာ ၂-၃ နဲ့ အနိုင်ရပြီး ကျန် ၃ ပွဲ သရေကျထားပါတယ်။
 

အာဆင်နယ် – ခရစ္စတယ်ပဲလေ့စ်

??
အာဆင်နယ် vs ခရစ္စတယ်ပဲလေ့စ် 1X2 အာဆင်နယ် @ 1.55
ဇန်နဝါရီလ ၁၅ ရက်, ည ၂:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၅၃ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၆.၅၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၀၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်တို့ အာဆင်နယ်နဲ့ တွေ့ဆုံချိန်တိုင်းမှာ ခက်ခဲစေခဲ့ပေမယ့် ဒီတစ်ကြိမ် အန်းမရိတ်စ် မှာတော့ အာဆင်နယ်ကို ယှဉ်ကစားနိုင်ဖို့ မလွယ်ကူပါဘူး။ အာဆင်နယ်တို့ ၃-၁ ရလဒ်လောက်နဲ့ အနိုင်ရသွားဖို့ ရှိနေပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်