နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ်ကို အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ လက်စတာစီးတီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ်ယူနိုက်တက် ၁ – ၂ လက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်နဲ့ လက်စတာစီးတီး တို့ရဲ့ ပွဲစဉ်မှာတော့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အတူ လက်စတာတို့ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲရလဒ်ကြောင့် လက်စတာစီးတီးတို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာအထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။ နယူးကာဆယ်ကတော့ ပရီးမီးယားလိဂ် မှာ ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။

 
လက်စတာစီးတီးတို့ တိုက်စစ်မှာ ဂျင်မီဗာဒီကို အထောင်ထားပြီး ဟာဗေးဘန်းစ်၊ အဲလ်ဘရိုက်တန်၊ ဂျိမ်းစ်မက်ဒီဆင်၊ တိုင်လီမန့်စ်၊ အန်ဒီဒီ၊ ကတ်စတန်နီ၊ ဖိုဖာနာ၊ အီဗန်စ်၊ ဂျက်စ်တင်၊ ကတ်စပါရှမိုက်ကယ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နည်းပြ စတိဗ်ဘရုစ်ရဲ့ နယူးကာဆယ်တို့ကတော့ ထုံးစံအတိုင်း ခံစစ်အသားပေး ၅-၄-၁ ကစားပုံနဲ့ ပွဲထွက်လာခဲ့ပြီး ကော်လမ်ဝီလ်ဆင်၊ ဂျိုးလင်တန်၊ ရှောင်နဲ့မက်သမရူး လောင်းစတက်ဖ်၊ ဖေဘီယန်ရှားတို့လို အဓိကကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။ ပွဲချိန်တော်တော်များများ နယူးကာဆယ်ရဲ့ ခံစစ်ကစားပုံကြောင့် လက်စတာစီးတီးတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်း တစ်ပိုင်းလုံး ကွင်းလယ်မှာပဲ ဘောလုံး အပျက်များနေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် အရောက်မှာတော့ လက်စတာစီးတီးတို့ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေပဲ လက်စတာတို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဗာဒီရဲ့ အကွက်မြင်မြင် ပြန်လည်ထိုးပေးရာ ကနေ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းစ် မက်ဒီဆင်က အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်တို့ ချေပဂိုးရဖို့ အတွက် ပြန်လည် ဖိအားပေးကစားရာကနေ ပွဲချိန် ၇၂ မိနစ်မှာလည်း လက်စတာစီးတီးတို့ပဲ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုတော့ မက်ခ် အဲလ်ဘရိုက်တန်ရဲ့ ဖန်တီးပေးပို့မှု ကနေ တိုင်လီမန့်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ နောက်ခံလူ ရက်ဒ်လင် အစား တိုက်စစ်က အန်ဒီကာရိုးလ် လူစားဝင်လာခဲ့ပြီး ပွဲချိန် ၈၂ မိနစ်မှာတော့ ချေပဂိုး ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ နယူးကာဆယ်တို့ ချေပဂိုး ထပ်ရဖို့အတွက် ဖိအားပေးကစားခဲ့ပေမယ့် လက်စတာ နောက်ခံလူ တွေ အကောင်းဆုံး ပိတ်ဆို့ ကစားနိုင်ခဲ့လို့ ပွဲအပြီးမှာ ၁-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

နယူးကာဆယ်ကတော့ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
အခုနှစ်ပရီးမီးယားလိဂ်မှာ ပထမဦးဆုံးသွင်းဂိုး ရရှိခဲ့တဲ့ အန်ဒီကာရိုးလ်

အခုပွဲမှာ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာစီးတီး တို့ အဝေးကွင်းမှာ သွားကစားခဲ့ရပေမယ့် အမှားအယွင်း နည်းနည်းနဲ့ ပွဲကို အဆုံးသတ်နိုင်ခဲ့ပြီး နိုင်ပွဲတစ်ပွဲ ရှာတွေ့ခဲ့ပါတယ်။ ကွင်းလယ်က ဂျိမ်းစ် မက်ဒီဆင်ကတော့ တစ်ပွဲထက် တစ်ပွဲ တောက်ပပြနေပြီး ဒီနေ့ပွဲမှာလည်း နယူးကာဆယ်ဂိုးပေါက်ကို ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို သွင်းဂိုး ၁ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဗာဒီ၊ အဲလ်ဘရိုက်တန်၊ တိုင်လီမန့်စ်တို့ အကောင်းဆုံးပုံစံ ကို ပြသနိုင်ခဲ့ပြီး ပွဲချိန်ပြည့် ပြိုင်ဘက်နောက်တန်းကို အလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။ လက်စတာတို့ အခုနိုင်ပွဲကြောင့် ပြီးခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ နယူးကာဆယ်ကတော့ ပရီးမီးယားလိဂ် မှာ ၅ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

နယူးကာဆယ်တို့ လာမယ့်ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ကစားရဖို့ ရှိနေပြီး လက်စတာစီးတီးကတော့ စတုတ်စီးတီးနဲ့ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်