နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ရဲ့ တိုက်စစ် ထက်မြတ်နေမှုကို ရပ်တန့်ဖို့ ခက်ခဲဦးမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လစ်ဗာပူးလ် vs ဝက်စ်ဘရွန်း

အခုတစ်ပတ် တနဂ်နွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက လစ်ဗာပူးလ်နဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ပွဲစဉ်ကလည်း SBOTOP ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေလို့ ပွဲကြိုခန့်မှန်းသုံးသပ်မှုတချို့ကို ဖော်ပြပေးချင်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁ နေရာက အသင်းနဲ့ အဆင့် ၁၉ နေရာက အသင်းတို့ ရည်မှန်းချက် ကိုယ်စီနဲ့ အားစိုက်ကစားလာကြမှာ ဖြစ်လို့ မထင်မှတ်ပဲ အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

လစ်ဗာပူးလ်တို့ အစောပိုင်း ပွဲစဉ်တွေတုန်းက ဒဏ်ရာရကစားသမားတွေ များခဲ့လို့ ခြေစွမ်းမသိမသာ ယိမ်းယိုင်ခဲ့ပေ မယ့် လက်ရှိမှာတော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေ သူ့နေရာနဲ့သူ အသားကျလာခဲ့ပြီ ဖြစ်လို့ ရလဒ်တွေလည်း ပြန် ကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာဆိုရင် လစ်ဗာပူးလ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ပုံစံ တစ်ခုကို မြင်တွေ့ခဲ့ရပြီး ၇ ဂိုးပြတ်ဆိုတဲ့ ရလဒ်ဟာ တကယ့်ကို နိုင်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ ကစားသမားဟောင်း နာမည်ကျော် ဘောလုံးခန့်မှန်းသုံးသပ်သူ မိုက်ကယ်အိုဝင်ကတော့ လစ်ဗာပူးလ်တို့အနေနဲ့ အခု ဝက်စ်ဘရွန်းနဲ့ပွဲမှာ အရင်အိမ်ကွင်း ပွဲစဉ်တွေနဲ့မတူတဲ့ ရလဒ်နဲ့ နိုင်ပွဲတစ်ပွဲ ထပ်ရသွားဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းသုံးသပ် ထားပါတယ်။ လစ်ဗာပူးလ်တို့ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေရာက အသင်းကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ပါတယ်။ နောက်ပြီး အခုပွဲမတိုင်ခင် အဆင့် ၂ နေရာက လက်စတာစီးတီးနဲ့ ၃ နေရာက မန်ချက်တာယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့ဖို့ရှိလို့ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ်ကို အမှတ်ဖြတ် ဦးဆောင်ခွင့်ရှိနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစားပြီး ၁၃ ဂိုးအထိ သွင်းယူထားတဲ့ မိုဟာမက်ဆာလာရဲ့ တောက်ပမှုတွေကို မြင်တွေ့နေရပြီး ခြေစွမ်းပြ လူငယ်တိုက်စစ်မှူး ဒီယိုဂိုဂျော့တာ မပါပေမယ့်လည်း ဖေမီနို၊ မာနေး၊ ဆာလာတို့ ၃ ယောက်တွဲ တိုက်စစ်က နောက်ဆုံး ၅ ပွဲမှာ ၁၅ ဂိုး အထိ သွင်းယူပေးထားနိုင်တာ တွေ့ရပါတယ်။ နောက်ပြီး ခံစစ်က ဗန်ဒိုက်ချ်နဲ့ ဂိုးမက်ဇ်တို့ ဒဏ်ရာရနေပေမယ့် မက်တစ်ပ်နဲ့ ဖာဘင်ဟိုတို့ရဲ့ ဗဟိုခံစစ်က နောက်ဆုံး ၅ ပွဲမှာ ၃ ဂိုးပဲ ပေးထားရပါတယ်။

ပရီးမီးယားလိဂ်မှာ ၁၄ ပွဲကစား ၁ ပွဲသာ အနိုင်ရပြီး ၄ ပွဲသရေ၊ ၉ ပွဲရှုံးထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဘရွန်း

တန်းတက် ဝက်စ်ဘရွန်းကတော့ ရာသီအစကတည်းက ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့တာ လက်ရှိ နောက်ဆုံး ၅ ပွဲမှာလည်း ၁ ပွဲသာနိုင်ပြီး ၄ ပွဲရှုံးနိမ့်ထားပါတယ်။ ပရီးမီးယားလိဂ် မှာ ၁၄ ပွဲကစား ၁ ပွဲသာ အနိုင်ရပြီး ၄ ပွဲသရေ၊ ၉ ပွဲရှုံးထားပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေလို့ မန်ချက်စတာစီးတီးကို သရေကျခဲ့တဲ့ ပွဲအပြီး နည်းပြ ဆလေဗန် ဘီလစ်ကို ထုတ်ပယ်ခဲ့ပါတယ်။ ဝါရင့်နည်းပြ ဆမ်အာလာဒိုက်စ်ကို အစားထိုး ခန့်အပ်ပြီး အက်စတွန်ဗီလာနဲ့ ကစားတဲ့ ပွဲဦးထွက်မှာလည်း ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ လက်တလောမှာလည်း တောင်ဆန်၊ ဘာ့တ်လတ်၊ ရော့ဘ်ဆင် ကနူးတို့ ဒဏ်ရာရရှိနေလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်မယ်ဆိုရင် ၁၅၁ ကြိမ်မှာ လစ်ဗာပူးလ်က ၆၈ ကြိမ် အနိုင်ရပြီး ဝက်စ်ဘရွန်းကတော့ ၃၉ ကြိမ် အနိုင်ရထားပါတယ်။ ၄၄ ပွဲကတော့ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးထားပါတယ်။ ကြိုးကြာနီတွေနဲ့ သပိတ်လွယ်ငှက်တွေဟာ ၂၀၁၈ ခုနှစ်က နောက်ဆုံးတွေ့ဆုံထားပြီး ဟော်သွန်းစ်ကွင်းမှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လီဗာပူးလ် vs ဝက်စ်ဘရွန်း 1X2 လီဗာပူးလ် @ 1.14
ဒီဇင်ဘာလ၂၇ ရက်, ည ၁၁:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၁၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁၇.၅၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၇.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဝက်စ်ဘရွန်းက နည်းပြသစ် ဆမ်အာလာဒိုက်စ် လက်ထက်မှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေပေမယ့် အခုအချိန်ထိတော့ အသားမကျသေးပါဘူး။ လစ်ဗာပူးလ်တို့ရဲ့ ပုံမှန် တိုက်စစ်အတွဲက ခြေပြန်မိနေပြီး ဂိုးတွေလည်း ပိုးစိုးပက်စက် သွင်းနေလို့ ဝက်စ်ဘရွန်းလို အသင်းကို သက်တောင့်သက်သာ ကစားပြီး အနိုင်ယူနိုင်စွမ်းရှိနေပါတယ်။ အိမ်ရှင်အသင်းဘက်က ရပ်တည်ခြင်းအပြင် နှစ်သင်းပေါင်း သွင်းဂိုးအများကိုလည်း သဘောကျနေပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်