နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတီဟတ်မှာ ငှက်ကြားတွေကိုဂိုးမိုးရွာမယ့် မန်ချက်စတာစီးတီး- ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာစီးတီး – နယူးကာဆယ်ယူနိုက်တက်

အခုတစ်ပတ် တနဂ်နွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက မန်ချက်စတာစီးတီးနဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်ကလည်း မထင်မှတ်ပဲ အကြိတ်အနယ် ရှိလာနိုင်ပြီး SBOTOP ပရီးမီးယားလိဂ် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိပါတယ်။

မန်ချက်စတာစီးတီးတို့ ပွဲစဉ် ၉ မှာ တော့တင်ဟမ်ဟော့စပါး အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်၅ ပွဲဆက် ရှုံးပွဲမရှိတာ တွေ့ရပါတယ်။ ဘန်လေကို ၅ ဂိုးပြတ်၊ ဖူလ်ဟမ်ကို ၂ ဂိုးပြတ်နဲ့ နိုင်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးမရှိသရေ၊ ဝက်စ်ဘရွန်းနဲ့ ၁-၁ သရေ၊ ဆောက်သမ်တန်ကို ၀-၁ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပါတယ်။ ပပ်ဂွာဒီယိုလာရဲ့ အသင်းက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာဆိုရင် ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် မျှမျှတတ ကစားနိုင်တယ်ဆိုတာကို ပြသထားပြီး ဖေးလ်ဖိုဒန်၊ ဂျီဆုစ်၊ မားရက်ဇ်တို့ ပါဝင်နေတဲ့ တိုက်စစ်က တော်တော်လေး ထက်မြတ်နေပါတယ်။ နောက်ပြီး ကန်အဂွဲရိုး ဒဏ်ရာက ပြန်လည် သက်သာလာလို့ အခုပွဲစဉ်မှာ ပါဝင်လာနိုင်ပြီး အရင်ပွဲတွေထက် ပိုကောင်းတဲ့ တိုက်စစ် ကစားပုံကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ မန်ချက်စတာစီးတီးတို့ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစား၊ ၆ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၂ ပွဲရှုံးပြီး ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လည်း ၆ ပွဲကစားထားရာမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၁ ပွဲရှုံးထားတာ တွေ့ရပါတယ်။

 
နယူးကာဆယ်တို့ အစောပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ကောင်းခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာတော့ အဓိကက ကစားသမားတချို့ရဲ့ ဒဏ်ရာရရှိမှုတွေနဲ့အတူ နိုင်ပွဲရဖို့ ရုံးကန်နေရပါတယ်။ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာ လိဒ်စ်ယူနိုက်တက်ကို ၅-၂ နဲ့ အရေးနိမ့်ပြီး ခြေစွမ်းမကောင်းတဲ့ ဖူလ်ဟမ်နဲ့လည်း သရေကျထားခဲ့ပါတယ်။ အဆိုးဆုံးကတော့ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့တ်နဲ့ လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစား၊ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲရှုံးပြီး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ နယူးကာဆယ်တို့ရဲ့ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲကစားထားရာမှာ ၂ ပွဲနိုင်၊ ၂ပွဲသရေ၊ ၂ ပွဲရှုံးပြီး ရမှတ် ၈ မှတ်ပဲ စုဆောင်းထားနိုင်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်၁၃မှာလိဒ်စ်ယူနိုက်တက်ကို၅-၂နဲ့အရေးနိမ့်ပြီးခြေစွမ်းမကောင်းတဲ့ဖူလ်ဟမ်နဲ့လည်းသရေကျထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၂နေရာမှာရပ်တည်နေတဲ့ နယူးကာဆယ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

မန်ချက်စတာစီးတီးနဲ့ နယူးကာဆယ်တို့ သမိုင်းတစ်လျှောက် ၁၈၂ ကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး နယူးကာဆယ်က ၇၂ ကြိမ် အနိုင်ရထားပါတယ်။ မန်ချက်စတာစီးတီးကတော့ အကြိမ် ၇၀ ပြန်လည် အနိုင်ရထားပြီး အကြိမ် ၄၀ လောက်က သရေကျထားလို့ ဒီနှစ်သင်းတွေ့ဆုံတိုင်း အကြိတ်အနယ် ရှိခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေ မှာတော့ မန်ချက်စတာစီးတီးတို့ နယူးကာဆယ်ကို အကြိမ်တော်တော်များများ အသာရခဲ့တာ တွေ့ရပြီး ၂၀၁၀ နောက်ပိုင်း ပြိုင်ပွဲစုံ ၂၁ ကြိမ် တွေ့ဆုံကစားထားခဲ့ရာမှာတော့ မန်ချက်စတာစီးတီးက ၁၇ ကြိမ်အထိ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီ အီတီဟတ်မှာတွေ့ဆုံခဲ့တုန်းက မန်ချက်စတာစီးတီးက ၅ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာစီးတီး – နယူးကာဆယ်ယူနိုက်တက် 1X2 မန်ချက်စတာစီးတီ @ ၁.၁၂ဆ
ဒီဇင်ဘာလ၂၇ ရက်, ည၂:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၁၂ ဆနဲ့ဧည့်သည်အသင်းအတွက်၂၁.၀၀ ဆကြေးဖွင့်ပြီးသရေအတွက်၆.၈၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ပေါက်ကြေးအရဆိုရင် တော်တော်လေး ကွာနေတာကြောင့် အနိုင်သေချာမယ့် မန်ချက်စတာစီးတီး ဘက်မှာပဲ နေရမှာပါ။ မန်ချက်စတာစီးတီးမှာ အဓိကကစားသမား အစုံအလင် ပြန်ကစားနိုင်ပြီး အဂွဲရိုးကလည်း ဒဏ်ရာက ပြန်သက်သာလာတိုင်းမှာ ဂိုးမြူးတတ်လို့ အခုပွဲမှာလည်း ဂိုးတွေ သွင်းဖို့ ကြိုးစားလာဦးမှာပါ။ လက်တလော ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ဖို့ လိုအပ်နေတဲ့ မန်ချက်စတာစီးတီးတို့ အနိုင် သေချာနေလို့ ဇတင်ထိုးသင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ သွင်းဂိုးအများကိုပါ ထည့်ပြီး ကံစမ်းရင်လည်း မိတ်ဆွေတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်