နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာဇီယိုကို အနိုင်ကစားပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ အေစီမီလန် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

အေစီမီလန် ၃ – ၂ လာဇီယို

ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စီးရီးအေ ပွဲစဉ်တွေထဲက အေစီမီလန်နဲ့ လာဇီယိုတို့ရဲ့ ပွဲမှာတော့ အေစီမီလန်က အိမ်ကွင်း ဆန်စီရိုမှာ ၃-၂ ရလဒ် လာဇီယိုကို အနိုင်ရသွားခဲ့ပါတယ်။ လာဇီယို တို့ အိမ်ရှင်အသင်းကို ပွဲချိန်ပြည့်နီးပါး ခံကစားသွားနိုင်ပေမယ့် ဟာနန်ဒက်စ်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် အေစီမီလန်ရဲ့ စီးရီးအေ အမြင့်ပျံခရီးကိုတော့ ဘယ်လိုမှ အနှောက်အယှက် မတားဆီးနိုင်ခဲ့ပါဘူး။

လာမယ့် ပွဲစဉ်တွေမှာတော့ အေစီမီလန်တို့ ဘန်နီဘန်တိုနဲ့ စီးရီးအေ ပွဲစဉ်ကစားဖို့ရှိပြီး လာဇီယိုကတော့ ဂျီနိုအာ အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ လာဇီယို

အေစီမီလန် အသင်းမှာ တိုက်စစ်က အီဗရာဟီမိုဗစ် ပါဝင်ကစားနိုင်ခြင်းမရှိလို့ လူငယ်ကစားသမား ရာဖေးလ်လီယိုနဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ချဟန်နောလူ၊ အန်တီရီဘစ်၊ ဆယ်လီမေကာစ်၊ ခရူနစ်၊ တိုနာလီ၊ နောက်တန်းမှာ ကလာဘရီယာ၊ ကာလူလူ၊ ရိုမန်ဂိုလီ၊ သီယိုဟာနန်ဒက်စ်၊ ဂိုးမှာ ဒွန်နာရမ်မာတို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ လာဇီယို ဘက်မှာတော့ အင်မိုဘီလီ၊ ကော်ရီယာ၊ မာရူဆစ်၊ အဲလ်ဘတ်တို၊ ဆာဗစ်၊ လာဇာရီ၊ အက်စ်ကယ်လန်တီ၊ ရာဒူ၊ ဖီလစ်ပီ၊ ပက်ထရစ်၊ ရိန်နာ ကို ပထမလူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။ အေစီမီလန်တို့ ပွဲစတာနဲ့ လာဇီယိုဘက်ကို ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာ အန်တီ ရီဘစ်က ကွင်းလယ်က ချဟန်နောလူရဲ့ ဒေါင့်ကန်ဘောကနေ တစ်ဆင့် အမှားအယွင်း ခေါင်းတိုက်သွင်းယူပေးခဲ့လို့ မီလန်တို့ ဦးဆောင်ဂိုး စတင်ခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၁၇ မိနစ်မှာ ချဟန်နောလူကပဲ ပင်နယ်တီက တစ်ဆင့် ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။ ချေပဂိုး ရရှိဖို့ အားထည့်ကစားလာခဲ့တဲ့ လာဇီယိုတို့ ပွဲချိန် ၂၈ မိနစ်မှာတော့ ပင်နယ်တီ ရခဲ့ပါတယ်။ အင်မိုဘီလီ ကန်သွင်းရာမှာ ပြန်ထွက်လာတဲ့ ဘောလုံး ကွင်းလယ်က အဲလ်ဘတ်တို က ပိတ်သွင်းခဲ့လို့ ပထမပိုင်း အပြီးမှာ ၂-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အေစီမီလန်ထက် လာဇီယို တို့ ဂိုးပေါက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပြီး ၅၉ မိနစ်မှာ ဆာဗစ်ရဲ့ ဖန်တီးပေးပို့မှုကနေ တစ်ဆင့် ကိုင်ရို အင်မိုဘီလီက ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲကတော်တော်လေး ကြည့်ကောင်းခဲ့ပြီး မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဒီနေ့ပွဲမှာ  ခြေစွမ်းပြနေတဲ့ ချဟန်နောလူ ကန်တင်ပေးတဲ့ ဒေါင့်ကန်ဘောကနေပဲ နောက်တန်းက သီယိုဟာနန်ဒက်စ်က ခေါင်းတိုက်ဂိုး သွင်းယူသွားလို့ အေစီမီလန်တို့ တတိယဂိုး ရရှိခဲ့ပါတယ်။ ဟာနန်ဒက်စ်ရဲ့ သွင်းဂိုးကတော့ အေစီမီလန်တို့ အတွက် တကယ့်ကို အကျိုးရှိ အဖိုးတန်ခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ဦးဆောင်ခွင့် ရစေခဲ့ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲအပြီး အေစီမီလန်တို့ စီးရီးအေမှာ ၁၄ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပဲ နည်းပြ ပီအိုလီ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ချိန်သားကိုက် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပြီး လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အရယူသွားနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာ အဓိက ပြိုင်ဘက် ဂျူဗင်တပ်စ်တို့ ဖီအိုရင်တီးနားကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်နေချိန် လာဇီယိုလို ခက်ခဲတဲ့ အသင်းဆီကနေ ၃ မှတ် အပြည့်ရခဲ့လို့ ပိုပြီး တန်ဖိုးရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အေစီမီလန်ထက် လာဇီယိုတို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပိုပြီးပြုလုပ်နိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုလည်း ပိုပြီး အသာရခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်အပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့လို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အခုပွဲရလဒ်ကြောင့် အေစီမီလန်တို့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှုံးပွဲမရှိ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး လာဇီယိုကတော့ ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၈ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါ တယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် ပွဲစဉ်တွေမှာတော့ အေစီမီလန်တို့ ဘန်နီဘန်တိုနဲ့ စီးရီးအေ ပွဲစဉ်ကစားဖို့ရှိပြီး လာဇီယိုကတော့ ဂျီနိုအာ အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်