လက်စတာစီးတီး – မန်ချက်စတာယူနိုက်တက်
အခုတစ်ခါမှာတော့ ခရစ္စမတ်အားလပ်ရက် အပြီး နောက်တစ်နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက လက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပွဲစဉ်ကိုတော့ SBOTOP ဘောလုံးပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျောက် ကောင်းနေပြီး အမှတ်ပေးဇယား အဆင့် ၂ နဲ့ ၃ နေရာမှာ ရပ်တည်နေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြည့်ကောင်းလာဦးမှာ သေချာပါတယ်။
အိမ်ရှင် လက်စတာစီးတီးအနေနဲ့ အသင်းလိုက်ကစားပုံ ပြန်ကောင်းနေပြီး ပြီးခဲ့တဲ့ ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါး ကို အဝေးကွင်းမှာ ၂ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး အဲဗာတန် တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ထားပါတယ်။ လက်စတာတို့ အခုနှစ် ပရီးမီးယားလိဂ်မှာ ၁၄ ပွဲကစားပြီး ၉ ပွဲနိုင်၊ ၅ ပွဲ ရှုံးနိမ့်ပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ လက်စတာတို့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံချိန်တိုင်းမှာ ခြေစွမ်းကောင်းတစ်ခု ပြသနိုင်ခဲ့ပေမယ့် အနိုင်ရရှိဖို့လောက်အထိတော့ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ လက်ရှိ အခြေအနေအရ လက်စတာစီးတီးတို့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ထက် တစ်ပွဲပိုကစားပြီး ၁ မှတ်အသာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေလို့ အခုပွဲမှာ ခြေချော်ခဲ့ရင် မထင်မှတ်ပဲ အဆင့်တော်တော်လေး ကျသွားနိုင်ပါတယ်။ လက်စတာစီးတီးရဲ့ လက်ရှိ ခြေစွမ်းကို သုံးသပ်ရမယ်ဆိုရင် အသင်းလိုက်ကစားပုံကောင်းနေပြီး နည်းပြ ဘရန်ဒန် ရော်ဂျာ အနေနဲ့လည်း နိုင်ပွဲ တစ်ပွဲရဖို့ ဘယ်လို ကစားရမယ်ဆိုတာကို ကောင်းကောင်း နားလည် သဘောပေါက်နေလို့ ဧည့်သည် မန်ချက်စတာယူနိုက်တက်ရဲ့ ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာဖို့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်တို့ ကြားရက်မှာ အဲဗာတန်နဲ့ လိဂ်ဖလား ကွားတားဖိုင်နယ် ကစားထားလို့ ပွဲပန်းနေနိုင်ပါတယ်။ ဒါပေမယ့် ပွဲကြပ်တွေ ကစားနေရတဲ့ ကြားက နိုင်ပွဲတွေ ဆက်နေလို့ စိတ်ဓာတ်ကတော့ အမြင့်ဆုံးမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၇ ပွဲဆက်တိုက် ရှုံးပွဲလုံးဝမရှိပဲ မန်ချက်စတာစီးတီး တစ်သင်းတည်းကို သရေကျထားပြီး ကျန်ပွဲစဉ်တွေ အားလုံးမှာတော့ အနိုင်ရထားပါတယ်။ ဒီရာသီ မန်ချက်စတာယူနိုက်တက် ရဲ့ အဝေးကွင်းစွမ်းဆောင်ရည် ထူးထူးခြားခြား ကောင်းမွန်နေတာ တွေ့ရပြီး ၆ ပွဲကစားရာမှာ ၆ ပွဲစလုံး အနိုင်ရထားပြီး ၁၀ မှတ် အထိ စုဆောင်းထားနိုင်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်၊ မာစီရယ်၊ ဂရင်းဝုဒ်၊ ကာဗာနီ၊ဘရူနိုဖာနန်ဒက်စ်တို့ ရှိနေတဲ့ တိုက်စစ်က ထက်မြတ်နေပြီး နောက်ဆုံး ၃ ပွဲမှာ ၁၁ဂိုးအထိ သွင်းယူထားတာတွေ့ရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၁၃ ကြိမ်မှာ ယူနိုက်တက်တို့ အပြတ်အသတ် အသာရထားတာ တွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ ၉ ပွဲ အနိုင်ရပြီး လက်စတာစီးတီးကတော့ ၁ ပွဲအနိုင်ရထားပါတယ်။ သရေပွဲကတော့ ၃ ပွဲပဲ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ် စလုံးမှာလည်း မန်ချက်စတာယူနိုက်တက်က အနိုင်ရထားတာ တွေ့ရပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
လက်စတာစီးတီး – မန်ချက်စတာယူနိုက်တက် | 1X2 မန်ချက်စတာယူနိုက်တက် @ ၂.၃၂ဆ | |
ဒီဇင်ဘာလ၂၆ရက်, ည၇:၀၀နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၂.၉၇ဆနဲ့ဧည့်သည်အသင်းအတွက်၂.၃၂ဆကြေးဖွင့်ပြီးသရေအတွက်၃.၃၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။လက်ရှိ လက်စတာစီးတီးတို့ စုဖွဲ့မှု ကောင်းနေတယ်ဆိုပေမယ့် မန်ချက်စတာယူနိုက်တက်တို့ အဘက်ဘက်မှာ တက်ရိပ်ပြနေပါတယ်။ ယူနိုက်တက်တို့ ချန်ပီယံလိဂ်ကို လက်ပြ နှုတ်ဆက်ခဲ့ရလို့ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်တို့ကို တခြားအသင်းတွေထက် ပိုပြီး အာရုံစိုက် ကစားနေနိုင်တာ တွေ့ရပါတယ်။ နောက်ပြီး အစဉ်အလာအရ မန်ချက်စတာယူနိုက်တက်ကို လက်စတာတို့ အသာရခဲ့တာ ခပ်ရှားရှားပါ။ ဒါ့ကြောင့် အဝေးကွင်း ရာနှုန်းပြည့် နိုင်ပွဲ ဆက်မယ့် မန်ချက်စတာယူနိုက်တက် ဘက်မှာပဲ ရပ်တည်တာဟာ ပိုပြီး စိတ်ချရလိမ့်မယ် ထင်ပါတယ်။ ယူနိုက်တက်တို့ ကပ်ပြီး အနိုင်ရသွားမယ် ထင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.