နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရလဒ်ဆိုးတွေအောက်ကနေ ရုန်းထွက်မယ့် အာဆင်နယ်ကို အားပေးပါ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် vs‌ ဘန်လေ

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက နောက်အကျဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ အာဆင်နယ်နဲ့ ဘန်လေ တို့ရဲ့ ပွဲစဉ်ကလည်း SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ သဘောကျမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် မှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ အာဆင်နယ်တို့ နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့လို့ ဘန်လေလို ခြေကျနေတဲ့ အသင်းနဲ့ ကစားရမယ့်အချိန်မှာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ အတွက် အကောင်းဆုံး မျှော်လင့်ချက်လည်း ဖြစ်တာကြောင့် အာတေးတားရဲ့ အသင်းက အနိုင် ၃ မှတ်အတွက် အားစိုက်ကစားလာ မှာ သေချာပါတယ်။

အာဆင်နယ်အသင်းထက် နည်းပြ မီခယ် အာတေးတား အကြောင်းကို အရင်ဆုံး သုံးသပ်ရရင် စပိန်သား တစ်ယောက် နည်းပြ အနေနဲ့ ဒီရာသီမစတင်ခင်က အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းကို ရယူပေးခဲ့လို့ ပရိသတ်တွေအားလုံးက မျှော်လင့်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ အသင်းက စိတ်ပျက်စရာကောင်းလောက်အောင် ခြေစွမ်းကျဆင်းနေပါ တယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး ဒီအခြေအနေဟာ အရင်နည်းပြ ဟောင်း အူနိုင်းအန်မေရီ ချန်ထားခဲ့တဲ့ အသင်းအဆင့်ထက်တောင် ပိုပြီး နိမ့်နေပါသေးတယ်။ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ထားပြီး ရှက်ဖီးလ်ယူနိုက်တက်၊ ဘန်လေ၊ ဝက်စ်ဘရွန်း တို့ပြီးရင် ရှုံးပွဲ အများဆုံး အသင်းတစ်သင်း ဖြစ်နေခဲ့ပါတယ်။ အရင်ပွဲတွေ မှာတုန်းက သုံးသပ်ခဲ့သလိုပဲ အာဆင်နယ်တို့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် တစ်နေရာမှ အားရစရာမရှိပဲ တိုက်စစ်က ၁၀ ဂိုးသာ ရရှိထားပေမယ့် နောက်တန်းက ၁၄ ဂိုးအထိ ပြန်ပေးထားရပါတယ်။ အိမ်ကွင်းရော အဝေးကွင်းမှာပါ စွမ်းဆောင်ရည် ညံ့ဖျင်းနေတဲ့ အာဆင်နယ် အသင်းကို ပရိသတ်တွေ အနေနဲ့ လက်ခံနိုင်စွမ်းလျော့နည်းလာပြီး အခုပွဲစဉ်မှာသာ ဘန်လေကို အနိုင်မကစားနိုင်ခဲ့ဘူးဆိုရင် အာတေးတားရဲ့ နည်းပြ ရာထူးဟာလည်း သေချာပါဘူး။ ဘန်လေလို ရလဒ်ဆိုးရွားနေတဲ့ အသင်းကိုမှ မနိုင်ရင် အာဆင်နယ်တို့ အမှတ်ပေးဇယားထိပ်ပိုင်းနဲ့ ပိုပိုပြီး ဝေးကွာလာဖို့ပဲ ရှိလို့ အခုပွဲမှာတော့ ရလဒ်ဆိုးတွေအောက်ကနေ ရုန်းထွက်ဖို့ ကြိုးပမ်းလာပါလိမ့်မယ်။

အခန့်မသင့်ရင် ရာသီကုန်မှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အသင်းတွေထဲမှာတောင် ပါသွားနိုင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

ဘန်လေကတော့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေသလို အခန့်မသင့်ရင် ရာသီကုန်မှာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် အသင်းတွေထဲမှာတောင် ပါသွားနိုင်ပါတယ်။ ဘန်လေရဲ့ လက်ရှိ ခြေစွမ်းကိုပြောပါဆိုရင် အသင်းလိုက်ကစားပုံကို ပျက်ဆီးနေပြီး နလံမထူနိုင်ဖြစ်နေပါတယ်။ နည်းပြ ရှောင်ဒိုက်ချ်ရဲ့အသင်းက အရင်နှစ်တွေတုန်းက ကစားပုံ တော်တော်လေး မာကျောခဲ့ပေမယ့် ဒီရာသီမှာတော့ ခံစစ်က ပေးဂိုး ၁၈ ဂိုး အထိ ပေးထားခဲ့ရပါတယ်။ ခံစစ်က ခြေစွမ်းပြနေတဲ့ တာကောစကီး ကိုယ်တိုင်လည်း ဒီရာသီမှာ ဘာမှမလုပ်နိုင်လို့ ဘန်လေတို့ အခုပွဲစဉ်မှာလည်း အာဆင်နယ်ရဲ့ ရုန်းအားကို တောင့်ခံနိုင်ဖို့မရှိပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အာဆင်နယ်နဲ့ ဘန်လေတို့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၁၆ ကြိမ်မှာ အာဆင်နယ်က အပြတ်အသတ် အသာရထားပြီး ၁၃ ကြိမ်အထိ အနိုင်ရထားကာ ၁ကြိမ်ပဲ ပြန်လည် အရှုံးပေးထားရပါတယ်။ ၂ ပွဲကတော့ သရေရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်မှာတော့ အာဆင်နယ်က ၁ပွဲ နိုင်၊ ၁ ပွဲသရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် vs ဘန်လေ 1X2 အာဆင်နယ် @ 1.53
ဒီဇင်ဘာလ ၁၄ ရက်, ည ၁:၄၅နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁.၅၃ ဆ၊ သရေအတွက် ၄.၀၀ ဆနဲ့ ဧည့်သည် အသင်း အတွက် ၆.၀၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံး ခြေစွမ်းပိုင်း အားရစရာမရှိပဲ ရလဒ်တွေ ဆိုးနေတယ်ဆိုပေမယ့် ကစားသမားကောင်းတွေ များတဲ့ အာဆင်နယ်ပဲ အသာရသွားပါလိမ့်မယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့လို့ အာဆင်နယ်တို့ အမ်းမရိတ်စ်မှာ ကစားမယ့် အခုပွဲစဉ်မှာ ပေါက်ကွဲပြပါလိမ့်မယ်။ အာဆင်နယ်တိုက်စစ်က သွင်းဂိုးတွေကို ဒီပွဲမှာ ပြန်လည် မြင်တွေ့လာဖို့ရှိနေပြီး ၂-၀ လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်