နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရလဒ်ဆိုးတွေကနေ ရုန်းထွက်မယ့် အဲဗာတန်ကို ယုံကြည်ကြရအောင် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် vs အဲဗာတန်

လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့ ညအစောပိုင်းမှာကစားမယ့် ပွဲစဉ်တွေထဲ ဖူလ်ဟမ်နဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်ကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းသုံးသပ်မှု ပြုလုပ်ပေးချင်ပါတယ်။

ဖူလ်ဟမ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံးထားတာတွေ့ရပါတယ်။ ဖူလ်ဟမ်တို့ ရာသီအစကတည်းက ရလဒ်တွေ တောက်လျောက် ဆိုးရွားခဲ့ပြီး အာဆင်နယ်၊ လိဒ်စ်ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ဝုဗ်တို့ကို တောက်လျှောက် ရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် ၅ မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ သရေကျခဲ့ပါတယ်။ အဲ့နောက် ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ထပ်ပြီး ရှုံးနိမ့်ခဲ့သလို ပွဲစဉ် ၇ ရောက်မှ ဝက်စ်ဘရွန်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီး ၂၀၂၀ ပရီးမီးယားလိဂ် ရာသီအတွက် ပထမဦးဆုံး နိုင်ပွဲ ရှာတွေ့ထားခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၈ မှာတော့ ဝက်စ်ဟမ်းကို ပြန်လည် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီနှစ်မှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ စကော့တ်ပါကားရဲ့ ဖူလ်ဟမ် အနေနဲ့ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းက ပြောစရာ သိပ်မရှိပေမယ့် ဆိုးရွားလှတဲ့ ခံစစ်ကစားပုံကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုးအများဆုံး အသင်းတွေထဲမှာ တစ်သင်း အပါအဝင် ဖြစ်နေပြီး ၁၅ဂိုးအထိ ပေးထားရပါတယ်။ လက်ရှိ ဖူလ်ဟမ်မှာ အဓိကကစားသမား တွေဖြစ်တဲ့ ကာမာရာ အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပဲ ဂျော်ရွှာအိုနိုမာ့၊ ကန်နီတီတီ၊ မာရီယို လီမီနာ၊ ကွန်ဂိုလိုတို့လည်း ဒဏ်ရာပြသနာတွေကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အဲ့နောက် ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီး ကတည်းက နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ပြီး
ပရီးမီးယားလိဂ် အဆင့် ၇ နေရာထိ ရောက်ရှိနေတဲ့ အဲဗာတန်

ဧည့်သည် အဲဗာတန် အသင်းဟာလည်း အခုနှစ် ပရီးမီးယားလိဂ် ရာသီအစမှာ တောက်လျောက် နိုင်ပွဲ ဆက်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဘရွန်း၊ ခရစ္စတဲလ်ပဲလေ့စ်၊ ဘရိုက်တန်တို့ကို တောင်လျောက် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့နောက် ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီး ကတည်းက နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ပြီး ဆောက်သမ်တန်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို နယူးကာဆယ်ကို ၂-၁၊ မန်  ချက်စတာယူနိုက်တက်ကို ၁-၃ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ၃ ပွဲဆက် ရှုံးနိမ့််ခဲ့တဲ့ အဲဗာတန်တို့ လက်တလော ပရီးမီးယားလိဂ်မှာ ၈ ပွဲကစား ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ထားပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ ကျဆင်း သွားခဲ့ပါတယ်။ ဒီရာသီအစက အန်ဆယ်လော့တီရဲ့ အဲဗာတန်တို့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဘွဲ့ကို ချိန်ရွယ်နိုင်ပြီလားဆိုတဲ့ မေးခွန်းမျိုး ထုတ်ခဲ့ကြပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ တောက်လျောက် ရလဒ်တွေ ဆိုးရွားခဲ့လို့ တော်ဖီ ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ လက်ရှိရာသီမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ အဲလန်၊ အဘ်ဒူလာရီ ဒူကိုရေး တို့လို ကစားသမားသစ်တွေကို ခေါ်ယူနိုင်ခဲ့တဲ့ အပြင် ဒေါမနစ်ကလဲဗက်လီဝင်း၊ ရစ်ချာလီဆင်၊ ဒစ်ဂနေး၊ ကိုးလ်မန်း၊ မိုက်ကယ်ကိန်းတို့လို့ ကစားသမားတွေနဲ့ ကစားသမားတွေ အချိန်တစ်ခုအကြာ ခြေစွမ်းပြပြီး လက်ရှိမှာ ခြေပြန်ကျနေတယ် ဆိုပေမယ့်လည်း ဖူလ်ဟမ်လို အသင်းကိုတော့ အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှု ၂၁ ကြိမ်မှာတော့ အဲဗာတန်တို့ အပြတ်အသတ် အသာရထားတာ တွေ့ရပြီး ၁၄ ကြိမ်အထိ အနိုင်ရထားပါတယ်။ ဖူလ်ဟမ် အနေနဲ့ အဲဗာတန်ကို ၅ ကြိမ် အနိုင်ရထားပြီး သရေပွဲကတော့ ၂ ပွဲ အထိပဲ ရှိထားတာတွေ့ရပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်က ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ တစ်ကြိမ်စီ အနိုင်ရထားတာ တွေ့ရပါတယ်။ ပထမအကျော့ ဂူဒီဆင်ပါ့ခ် ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အဲဗာတန်တို့ အနိုင်ရထားပြီး ကရေဗင်ကော့တေ့ဂျ် မှာတော့ ဖူလ်ဟမ်က ၂ဂိုးပြတ်နဲ့ ပြန်ပြီး အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဖူဟမ် vs အဲဗာတန် 1X2 အဲဗာတန် @ 1.91
နိုဝင်ဘာလ ၂၁ ရက်, ည ၇:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၉၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၉၁ ဆနဲ့ သရေအတွက်ကိုတော့ ၃.၄၅ ဆ ကြေးဖွင့်ထားတာတွေ့ရပါတယ်။ ဖူလ်ဟမ်တို့ ဒီရာသီမှာ ၈ ပွဲကစားပြီး နိုင်ပွဲ ၁ ပွဲပဲ ရသေးတာ ကတော့ တော်တော်လေး အခြေအနေဆိုးနေတယ်လို့ ပြောရမှာပါ။ ပွဲစဉ် ၇ မှာ ဝက်စ်ဘရွန်းကို အနိုင်ရထားတယ်ဆိုပေမယ့် နောက်ဆုံးပွဲမှာ ဝက်စ်ဟမ်းကို ပြန်ပြီး ရှုံးနိမ့်ထားလို့ အခုပွဲမှာလည်း အဲဗာတန်လို အသင်းကို ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အိမ်ကွင်း ကရေဗင် ကော့တ်တေ့ဂျ် မှာ ကစားရမှာ ဖြစ်ပေမယ့် ရှုံးပွဲဆက်မှု ကို ရပ်တန့်မယ့် အဲဗာတန် ဘက်မှာ ရပ်တည်တာ ဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်