နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြစ်ဒဏ်ဘောပေးတာ ရက်ရောတဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကြောင့် VAR အပေါ် ဝေဖန်သံတွေကို ပိုကျယ်လောင်စေပြီလား။

VAR လို့ခေါ်တဲ့ ရုပ်သံအထောက်အကူပြု ဒိုင်လူကြီးစနစ်ကို စတင် အသုံးပြုစဉ်တုန်းက ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးနီးပါးက အကောင်းမြင်လက်ခံပြီး မျှော်လင့်ခဲ့ကြပေမယ့် ယခုလက်ရှိမှာတော့ စနစ်ရဲ့ အားနည်းချက်တွေ အပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်သထက် မြင့်တက်လာခဲ့ပါပြီ။ VAR ဟာ ၂၀၁၀ ခုနှစ်မတိုင်ခင် လောက်က ဒိုင် ၂.၀ စီမံကိန်း နဲ့ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်လောက်ကစလို့ ပြိုင်ပွဲအတွင်းမှာ တိုက်ရိုက်ပုံစံနဲ့ စမ်းသပ်သုံးစွဲခဲ့ပြီး အဲ့နောက်မှာ မေဂျာလိဂ် နဲ့ တခြားလိဂ်တချို့မှာ ဆက်ပြီး စမ်းသပ်ခဲ့ပါတယ်။ နိုင်ငံတကာပြိုင်ပွဲအဆင့် အဖြစ် ၂၀၁၇ ဖီဖာ ကွန်ဖက်ဒရေးဖလားမှာ စတင်သုံးစွဲခဲ့ပြီးတော့ အဲ့တုန်းကလည်း ဗိုလ်လုပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် VAR ရဲ့ အသုံးဝင်ပုံကို စတင်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

၂၀၁၈ မှာတော့ နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ကနေပြီးတော့ ပြိုင်ပွဲစည်းမျဉ်းတွေကို ရေးဆွဲချမှတ်ခဲ့ပြီး အဲ့နောက်မှာတော့ ကမ္ဘာ့ဖလားအပါဝင် ဥရောပထိပ်တန်းလိဂ် တော်တော်များများနဲ့ ရှုံးထွက်ပြိုင်ပွဲတွေမှာ စတင်အသုံးပြုခဲ့ပါတော့တယ်။ လက်ရှိ VAR နဲ့ ပတ်သတ်ပြီး ဝေဖန်သံတွ ကျယ်လောင်နေခဲ့တဲ့ ပရီးမီးယားလိဂ် မှာတော့ ၂၀၁၈-၁၉ ဘောလုံးရာသီက စတင် သုံးစွဲခဲ့တာပါ။ VAR စနစ်ကို စတင်သုံးစွဲခဲ့တဲ့ ပထမရာသီမှာတင် ဘောလုံးသမားတွေ၊ နည်းပြတွေနဲ့ ပရိသတ်တွေအကြားမှာ သဘောထားကွဲလွဲမှု တော်တော်များများရှိခဲ့ပြီး တချို့ဆိုရင် စနစ်ကို ပြန်ဖျက်ဖို့ အတွက်တောင် အလိုရှိနေတာမျိုးတွေ မကြာခဏ ကြုံခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ပရိသတ်ရဲ့ သုံးပုံနှစ်ပုံ လောက်က VAR စနစ်ကို ကြိုက်နှစ်သက်ခြင်း မရှိပဲ စနစ်ကို အသုံးပြုပြီး ပထမရာသီမှာတင် အနုတ်သဘောဆောင်တဲ့ ရလဒ်တွေကြောင့် ဂိုးလိုင်းနည်းပညာသစ်၊ လက်ထိဘော စည်းမျဉ်းအသစ် အပါအဝင် ကွင်းဘေးက ပြန်ကြည့်မော်နီတာ စနစ်သစ် စတဲ့  အဆင့်မြှင့်တင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ကို ရောက်ရှိလာချိန်မှာ VARနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေက အဆိုးရွာဆုံး မြင့်တက်နေခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က ထွက်လာတဲ့ အငြင်းပွားဖွယ်ရာ ပြသနာတွေက ပိုများနေပါတယ်။
လက်ထိဘော စည်းမျဉ်းအသစ်အရ နှစ်ဖက်လုံးက ကစားသမားတွေ အတွက် ခေါင်းတိုက်ရာမှာ တော်တော်လေး ခက်ခဲသွားနိုင်

ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေ မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ဘရိုက်တန်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်၊ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်နဲ့၊ အဲဗာတန်နဲ့ ဝက်စ်ဘရွန်း တို့ရဲ့ ပွဲစဉ်တွေကတော့ VAR ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး တော်တော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာကြောင့် ဝေဖန်သံတွေကတော့ အမြင့်ဆုံးထိ ရောက်ရှိလာခဲ့ပါတယ်။ စစ်တမ်းကောက်ယူမှုအရ ပရီးမီယားလိဂ် ပရိသတ် ၁၀ဦးမှာ ၆ဦးက VAR စနစ်ကို လုံးဝ သဘောမကျတာ တွေ့ရပါတယ်။ နောက်ပြီးတော့ နည်းပြ တော်တော်များများရဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွေမှာ ပြောကြားချက် အရဆိုရင် VAR ရဲ့ ဆုံးဖြတ်ချက်ကြောင့် နစ်နာခဲ့ရတယ် ဆိုတာတဲ့ အကြောင်းပြချက် ပေးထားခဲ့တာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ် ကို ပုံမှန်ကြည့်ရှုတဲ့ ပရိသတ် ၁၄၀၀ လောက်ကို စစ်တမ်းကောက်ကြည့်တဲ့ အခါမှာတော့ ၆၇ ရာခိုင်နှုန်းက သဘောမကျပဲ ၈၁ ရာခိုင်နှုန်းကတော့ အဖြစ်အပျက် ဖြစ်ပြီးတာနဲ့ ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချဖို့ လိုလားနေပြီး အခြား ၈၀ ရာခိုင်နှုန်း လောက်ကတော့ ကွင်းလယ်ဒိုင်လူကြီး အနေနဲ့ ကွင်းဘေးက မော်နီတာ ဆီကို သွားပြီး ဆုံးဖြတ်ချက် အမြန်ဆုံးချဖို့ကို လိုလားနေကြပါတယ်။ လက်ရှိမှာ ပရီးမီးယား လိဂ် တာဝန်ရှိသူတွေ အနေနဲ့  အကြံပြုချက် တော်တော်များများ လက်ခံရရှိထားပြီး VARကို ရံဖန်ရံခါသာ အသုံးပြုဖို့နဲ့ ကွင်းလယ်ဒိုင်လူကြီး အနေနဲ့ VARရဲ့ လုပ်ဆောင်ချက် အတိုင်း တိတိကျကျ လိုက်နာ ဆုံးဖြတ်ဖို့ နဲ့ အခုထက်  ပိုမြန်တဲ့ ဆုံးဖြတ်ချက် ချပေးဖို့ တောင်းဆိုထားကြပါတယ်။

ရုပ်သံကနေ ကြည့်ရှုတဲ့ ပရိသတ်တွေနဲ့ ကွင်းထဲကို လာရောက် ကြည့်ရှုကြတဲ့ ပရိသတ်တွေ အကြားမှာတော့ အမြင်ကွဲလွဲမှု တချို့ရှိနေပြီး ကွင်းထဲကို လာရောက် ကြည့်ရှုတဲ့ ပရိသတ်တွေရဲ့ ၄၂ ရာခိုင်နှုန်းလောက်ကပဲ VAR ကို အဆိုးမြင်ကြပြီး ၇၄ရာခိုင်နှုန်းလောက်ကတော့ လုံလောက်တဲ့ သတင်းအချက်အလက်မရရှိဘူးလို့ ဆိုကြသလို ၆၁ ရာခိုင်နှုန်း လောက်ကတော့ ဆုံးဖြတ်ချက်ချတဲ့ အချိန်ကြာမြင့်လွန်းတယ်လို့ ဆိုထားပါတယ်။ အကြံပြုတဲ့သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကတော့ အခုထက်ပိုပြီး မျက်နှာပြင်ကျယ်ကျယ်နဲ့ ကွင်းထဲက အဖြစ်အပျက်ကို ပြန်လည် ပြသစေလိုပြီး ဒါဟာ ပရိသတ်တွေကို သတင်းအချက်အလက် ဝေမျှရာမှာ ပိုပြီး အထောက်အကူပြုစေလိမ့်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

ရုပ်သံက ကြည့်ရှုတဲ့ ပရိသတ်တွေရဲ့ စစ်တမ်းမှာတော့ VAR စနစ်ကို အသုံးဝင်တယ်လို့ လက်ခံသူက ၄၅ ရာခိုင်နှုန်းရှိပြီး အသုံးမဝင်ဘူးလို့ လက်ခံထားတဲ့ သူတွေကလည်း ၄၅ရာခိုင်နှုန်း ရှိထားပါတယ်။ ကွင်းထဲမှာ သွားရောက် ကြည့်ရှုသူတွေနဲ့ မတူညီတဲ့ အချက်ကတော့ ပရိသတ် ၆၀ ရာခိုင်နှုန်းလောက်က လုံလောက်တဲ့ သတင်းအချက်အလက် ရရှိတယ်လို့ လက်ခံထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၆၃ရာခိုင်နှုန်းလောက်ကတော့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ချ ချိန်ဟာ ကြာမြင့်နေတယ်လို့ လက်ခံနေကြတဲ့ အတွက် ပရိသတ်တွေအနေနဲ့ ဘယ်နေရာကနေ ကြည့်ကြည့် ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ကြာမြင့်တယ်ဆိုတာ ကိုတော့ တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါတယ်။ အကြံပြုတဲ့သူ ၇၈ ရာခိုင်နှုန်းလောက်ကတော့ ကွင်းလယ်ဒိုင်လူကြီး နဲ့ VAR လက်ထောက် အခန်းကသူတွေ အပြန်အလှန်ပြောနေကြတဲ့ အသံကို ကြားလိုပြီး ဒါဟာ လည်း ပရိသတ်တွေ အတွက် ပိုပြီး အထောက်အကူပြုစေတယ်လို့ သိရပါတယ်။

VAR နဲ့ ပတ်သတ်ပြီး တရားဝင် အသုံးပြုတဲ့ အချိန်ကစလို့ လက်ရှိအချိန်ထိ အသုံးဝင် ထိရောက်တယ် ဆိုပြီး ချီးကျူး လက်ခံသံဆိုတာ မကြားရ သလောက်ရှိပါတယ်။ VAR စတင် အသုံးပြုတဲ့ အချိန်မှာ မှတ်မှတ်ရရ စတင် ကြားရတဲ့ ဝေဖန်မှုက ပွဲရဲ့ အရှိန်၊ ပွဲရဲ့ အရသာပျက်တယ်ဆိုပြီး တော့ပါ။ VAR ရဲ့ ရည်ရွယ်ချက်ဟာ ကွင်းထဲမှာ ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကွင်းလယ်ဒိုင်လူကြီးအနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရေးအတွက် အထောက်အကူ ပြုဖို့ ဖြစ်ပေမယ့် လက်ရှိမှာတော့ နေရာဒေသအလိုက် VAR ရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်ကြောင့် ဆိုပြီး ဝေဖန်နေကြတာကို တွေ့နေရပါတယ်။

ဥရောပထိပ်သီးလိဂ်တွေအပါအဝင် နိုင်ငံအသီးသီး က လိဂ်ပေါင်း ၅၀ နီးပါးနဲ့ ဖလားပွဲစဉ်၊ နိုင်ငံတကာအဆင့် ပွဲစဉ်ပေါင်းများစွာမှာ စတင်သုံးစွဲနေကြပြီး အဲ့ဒီအထဲကမှာ နာမည်ကြီး ပရီးမီးယားလိဂ်က ထွက်လာတဲ့ အငြင်းပွားဖွယ်ရာ ပြသနာတွေကပိုများနေပါတယ်။ ပရီးမီးယားလိဂ် ပွဲပေါင်း ၈၀ မှာ VAR အသုံးပြုပြီးခဲ့တဲ့ အကြိမ်အရေအတွက် ၄၇၅ ကြိမ်လောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကဆိုရင်တော့ VAR ကြောင့် ရခဲ့တဲ့ သွင်းဂိုး ၁၅ ဂိုးအထိရှိခဲ့ပြီး လက်ထိဘော စည်းမျဉ်းအသစ် ကြောင့်အပါအဝင် ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေရဲ့ ရက်ရက်ရောရော ပေးတဲ့ ပင်နယ်တီတွေကြောင့် အသင်းတချို့အကြားမှာ မမျှတမှုတွေ ရှိခဲ့တာကို တွေ့ရပါတယ်။ အကောင်းဆုံး စွမ်းဆောင်ရည်ပြပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်ရင်တောင် VAR ကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်သွားရနိုင်သလို ကံဆိုးလွန်းရင်တော့ ရှုံးပါရှုံးသွားနိုင်တယ် ဆိုတာကိုတော့ ဖြစ်စဉ် တော်တော်များများက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

 
နောက်ပြီး အသစ်ပြုပြင်လိုက်တဲ့ ပရီးမီးယားလိဂ် လက်ထိဘော စည်းမျဉ်းအသစ်အရ နှစ်ဖက်လုံးက ကစားသမားတွေ အတွက် ခေါင်းတိုက်ရာမှာ တော်တော်လေး ခက်ခဲ သွားနိုင်တာကြောင့် ကစားသမားတွေနဲ့ နည်းပြတော်တာ်များများ ကလည်း စိတ်ပျက်နေကြပါတယ်။ လူရဲ့လှုပ်ရှားပုံအရ အမြင့်တစ်နေရာကို ခုန်ဖို့အတွက်ဆိုရင် လက်ကို လေပေါ်မြှောက်ပြီး အားယူလေ့ရှိကြပါတယ်။ အခု စည်းမျဉ်းအသစ် အရဆိုရင်တော့ ကစားသမားတွေ အနေနဲ့ ခေါင်းတိုက်ဖို့တောင် တော်တော်လေး စိုးရိမ်နေကြလောက်ပါပြီ။

ဒါကတော့ VAR နဲ့ ပတ်သတ်ပြီး အငြင်းပွားစရာ ဖြစ်စဉ်တွေ တော်တော်များများ ပေါ်လာတာကို လက်လှမ်းမှီသမျှ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် VAR စနစ်အသုံးပြုတဲ့ ပြိုင်ပွဲတိုင်းမှာ ဝေဖန် ထောက်ပြနေတာ ရှိလာလို့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေ အနေနဲ့ပဲ အခုထက် ပိုကောင်းတဲ့ ပုံစံနဲ့ ဘောလုံးအသိုင်းအဝိုင်းမှာ အများလက်ခံလာအောင် ပြင်ဆင်နိုင်မလား။ ဒါမှမဟုတ် မှန်ကန်တိကျတယ် ဆိုတဲ့အချက်ကိုပဲ လက်ကိုင်ထားပြီး တခြား အကျိုးအပြစ်တွေကို လျစ်လျူရှု နေဦးမှာလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ပရိသတ်တစ်ဦးရဲ့ အရိုးရှင်းဆုံး အမြင်အရဆိုရင် ရည်ရွယ်ချက်မရှိပဲ ကျူးလွန်မိတဲ့ပုံစံ အရှင်းသား ပေါ်လွင်ထင်ရှားနေရင် ပြစ်ဒဏ်မသတ်မှတ်သင့်သလို၊ ပွဲရဲ့ရသနဲ့ အတက်အကျ ခံစားချက်တွေကို ထိခိုက်စေနိုင်လို့ တချို့ကိစ္စတွေမှာ ဒိုင်လူကြီးတွေ အနေနဲ့ လိုတာထက်ပိုပြီး ပွဲရပ်ခရာ မှုတ်တာ မသင့်လျော်ပါဘူး။ ကိုယ်အားပေးတဲ့ အသင်းမကြာခဏ ပြစ်ဒဏ်ဘောကန်နေရရင် အဆင်ပြေနိုင်ပေမယ့် မတော်တဆ အနေအထားမျိုးမှာဆိုရင်တော့ တစ်ဖက်က ပရိသတ်အတွက် လုံးဝမတရားပါဘူး။

ဘောလုံးဆိုတာ အင်အားသုံးပြီး တွန်းတိုက် ပြေးလွှားကစားရတဲ့ အားကစားဖြစ်လို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာ ရှိနိုင်သလို၊ မတော်တဆ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒိုင်လူကြီးတွေရဲ့ လျင်မြန်တိကျတဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့ အဆင့်မြှင့် တင်ထားတဲ့ VAR စနစ်ကောင်း ပေါင်းစပ် နိုင်ခဲ့ရင်တော့ အားလုံးလက်ခံပြီး ရသမြောက်တဲ့ ဘောလုံးပွဲတွေကို တဖန်ပြန်လည် မြင်တွေ့ရမယ် ဆိုတာ သေချာပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်