နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးကို အဝေးကွင်းမှာ ၂ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ် နိုင်ပွဲဆက်တဲ့ လစ်ဗာပူးလ်

ချဲလ်ဆီး ၀ – ၂ လစ်ဗာပူးလ်

အခုတစ်ပတ်စူပါဆန်းဒေးရဲ့ အကောင်းဆုံးပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လစ်ဗာပူးလ်တို့ကပဲ တစ်ယောက်လျော့ ချဲလ်ဆီးကို စတန်းဖိုဒ့်ဘရစ်ချ်မှာ၂ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ် တို့ ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်အသာနဲ့ ကစားခဲ့ရတယ်ဆိုပေမယ့်  ဂိုးသမားအယ်လီဆွန်နဲ့တိုက်စစ်မှူး ဆာဒီယိုမာနေးရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရီးမီးယားလိဂ်နိုင်ပွဲဆက်ခဲ့တာ ဖြစ်ပါတယ်။
 

ပွဲမှတ်တမ်း နဲ့  အချက်အလက်များ

နှစ်သင်းစလုံး ၄-၃-၃ ကစားပုံနဲ့ ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။ ချဲလ်ဆီးတို့ ဘရိုက်တန်နဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ လော့ဖ်တပ်စ်ချိခ်အစား ဂျော်ဂျင်ဟိုကို အသုံးပြုတာကလွဲရင် အပြောင်းအလဲသိပ်မလုပ်ခဲ့သလို လစ်ဗာပူးလ်ကလည်း နောက်ခံလူဂျိုးဂိုးမက်ဇ်နေရာမှာ ဖာဘင်ဟိုကို အစားထိုးခဲ့ရုံကလွဲလို့ လိဒ်စ်ကို အနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်းပွဲထွက်လာခဲ့ပါတယ်။ ပွဲစကတည်းက အသင်းကြီးတွေ ပီပီ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိုးဖောက်မှုတွေရှိခဲ့လို့ ကြည့်ကောင်းခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူး တီမီုဝါနာရဲ့ ကန်ချက် ဂိုးတိုင်ဘေးကထွက်သွားလို့ လစ်ဗာပူးလ်တို့ကံကောင်းခဲ့ပါတယ်။ အဲ့နောက် ပထမပိုင်းပွဲပြီးခါနီး ချဲလ်ဆီးနောက်ခံလူ ခရစ္စတင်ဆန်အနေနဲ့ လစ်ဗာပူးလ်တိုက်စစ်က မာနေးရဲ့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဘောလုံးဆွဲပြေးလာစဉ်မှာ နောက်ကနေ ရည်ရွယ်ချက်ချက်ရှိရှိဆွဲလှဲခဲ့လို ဗီအေအာပြန်ကြည့်ပြီး အနီကတ်ပြားပြသခံခဲ့ရပါတယ်။ ဒီအနီကတ်က ပွဲအဖြေလို့ ပြောလို့ ရနိုင်ပေမယ့် လက်ကျန်မိနစ်တွေမှာတော့ ချဲလ်ဆီးတို့ လစ်ဗာပူးလ်ဘက်ကို ပြန်လည်ထိုးဖောက်နိုင်ခဲ့လို့ တော်တော်လေးကြည့်ကောင်းခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ အရောက်မှာတော့ တောင်ပံက ဖေမီနိုဖြတ်တင်ပေးပို့မှုကို မာနေးက ခေါင်းတိုက်အဆုံးသတ်ခဲ့လို့ လစ်ဗာပူးလ်တို့ သွင်းဂိုးစရပါတယ်။ နောက်ထပ် ၄ မိနစ်အကြာမှာတော့ ချဲလ်ဆီးဂိုးသမား ကီပါ အရစ်ဇာဘလာဂါရဲ့ အမှားကတစ်ဆင့် မာနေးကပဲ အမှားအယွင်းမရှိကန်သွင်းပြီး ဒုတိယ အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ပွဲချိန် ၇၅မိနစ်မှာတော့ အဲလ်ကန်တာရာကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီကို ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကန်သွင်းခဲ့ပေမယ့် အလီဆွန် လက်စွမ်းပြကာကွယ်သွားခဲ့လို့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ၂ဂိုးပြတ်အရေးနိမ့်ပြီး ပရီးမီးယားလိဂ်ရှုံးပွဲစတွေ့ခဲ့ရပါတယ်။

အလီဆွန် လက်စွမ်းပြကာကွယ်သွားခဲ့လို့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ၂ဂိုးပြတ်အရေးနိမ့်ပြီး ပရီးမီးယားလိဂ်ရှုံးပွဲစတွေ့ခဲ့ရပါတယ်။
ရာသီမစတင်ခင်ကစားခေါ်ယူမှုအတွက် ပေါင်သန်း၂၀၀ကျော်သုံးထားတဲ့ ချဲလ်ဆီး

 

ပွဲပြီးသုံးသပ်ချက်

တစ်ပွဲလုံးကို ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ ကစားသမားတွေရဲ့ နေရာအလိုက် ကိုယ်တာဝန်ယူတဲ့ အပိုင်းမှာ အမှားကင်းကင်းနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်သွားတဲ့ အသင်းက အနိုင်ရရှိသွားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ကို စရောက်ချိန်ကတည်းက ပွဲတိုင်းနီးပါး အကောင်းဆုံးအားထုတ်ကစားတဲ့ မာနေးရဲ့ ကြိုးစားမှုဟာ တစ်ပွဲထက်တစ်တစ်ပွဲ သူ့ကို ပိုကောင်းလာစေတယ်ပြောရမှာပါ။ လစ်ဗာပူးလ်တို့ တစ်ယောက်အသာရခဲ့တယ်ဆိုပေမယ့် အနိုင်ဂိုး ၂ဂိုးစလုံးက မာနေးရဲ့ ကျွမ်းကျင်ပါးနပ်မှုတွေကြောင့်ရခဲ့တာပါ။ ဘေယန်မြူးနစ်ကနေ ပြောင်းလာလို့ ရက်ပိုင်းတောင်မနေရသေးတဲ့ အလ်ကန်တာရာကို ကလော့ပ်အနေနဲ့ ယုံယုံကြည်ကြည်ပွဲထွက်ကစားစေခဲ့တာ အံ့သြစရာတော့မရှိပါဘူး။ ဒုတိယပိုင်းမှာ လူစားဝင်လာပြီးတော့ လစ်ဗာပူးလ်တိုက်စစ်မှူးတွေ အနားမရအောင် တောက်လျောက်ချိတ်ဆက်ပေးနိုင်ခဲ့တာတွေ့ရပါတယ်။ သူ့ကြောင့် ပင်နယ်တီပေးခဲ့ရတာမှန်ပေမယ့် ကစားသမားသစ်ဦးအတွက် အသင်းသစ်မှာ အလျင်အမြန်အသားကျအောင်ကစားနိုင်ခဲ့တာက ချီးကျူးစရာကောင်းပြီး ကလော့ပ်အတွက်ကတော့ ကျေနပ်စရာဖြစ်လာဦးမယ့်ကစားပါ။ နောက်ခံလူနေရာမှာ ဖာဘင်ဟိုအကောင်းဆုံးကစားပြသွားနိုင်တာတွေ့ရပြီး မက်တစ်ဒဏ်ရာရနေချိန် ဂျိုးဂိုးမက်ဇ်အစားလည်းဝင်ကစားနိုင်တာကို တွေ့ခဲ့ရလို့ လစ်ဗာပူးလ်တို့ ခံစစ်ပိုင်းအတွက် အားတက်စရာပါ။

ချဲလ်ဆီးအကြောင်းကိုပြောရမယ်ဆိုရင် ဒီရာသီမှာ ပေါင်သန်း၂၀၀ ကျော်ထိသုံးပြီး ကစားသမားသစ်တွေခေါ်ယူထားခဲ့တဲ့ ဖရန့်ခ်လမ်းပတ်အနေနဲ့ မျက်ခုံးစလှုပ်ရမယ့် အခြေအနေဖြစ်ပါတယ်။ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေထဲက ကိုင်ဟာဗက်ဇ်၊ နဲ့ တီမိုဝါနာတို့ ပွဲထွက်ခွင့်ရတာ နှစ်ပွဲရှိနေပြီဖြစ်ပေမယ့် တန်ကြေးနဲ့ ညီမျှတဲ့ စွမ်းဆောင်ရည်တွေကိုတော့ လောက်လောက်လားလားထုတ်မပြထားနိုင်သေးပါဘူး ။ ဘရိုက်တန်နဲ့ ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဂိုးပြတ်အနိုင်ရခဲ့လို့ အသက်ရှူချောင်ခဲ့ပေမယ့် အခုလစ်ဗာပူးလ်နဲ့ ပွဲမှာတော့ ချဲလ်ဆီးတို့ ပြုပြင်ပြောင်းလဲရမယ့်အချက်တွေ မြင်သာလာခဲ့ပါပြီ။ အဓိကကတော့ ဂိုးသမားဖြစ်ပြီး ဈေးကြီးပေးဝယ်ထားတဲ့ရတဲ့ လက်စွမ်းကိုမှ အားမနာပဲ ကီပါတို့ တစ်ဂိုးပြီးတစ်ဂိုးပေးနေခဲ့ပါတယ်။ ရာသီအဖွင့်မှာ ၂ပဲကစားပြီး ၃ဂိုးထိပေးထားရတဲ့ ကီပါအရစ်ဇာဘလာဂါကိုတော့ လမ်းပတ်အနေနဲ့ တော်တော်လေးစိတ်ပျက်နေမှာပါ။ ရန်းနက်စ်က မန်ဒီရောက်ရှိလာရင်တော့ စပိန်သားဂိုးသမားလေးပွဲထွက်ခွင့်ပျောက်ဆုံးလာဖို့ရှိနေပြီး ကံမကောင်းရင် ကာဘယ်လီယို  ရဲ့နောက် တတိယဂိုးသမားနေရာပါရောက်သွားနိုင်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးကတော့ လာမယ့် စက်တင်ဘာလ ၂၄ရက်နေ့မနက် ၁း၁၅  မှာ ဘန်စလေနဲ့ ခရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်ကိုစတန်းဖိုဒ့်ဘရစ်ချ်မှာ ကစားရဖို့ရှိပြီး စနေနေ့မှာတော့ တန်းတက် ဝက်စဘရွန်းအသင်းရဲ့ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် သွားရောက်ကစားရဖို့ရှိပါတယ်။  လစ်ဗာပူးလ်ကတော့ ကြားရက်မှာ လိဂ်ဝမ်းကလပ် လင်ကွန်းစီးတီးနဲ့ ခရာဘောင် တတိယအဆင့်ပွဲစဉ်ကစားဖို့ရှိပြီး စက်တင်ဘာ ၂၉ရက် မနက်အစောပိုင်းမှာတော့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ကစားဖို့ရှိနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်