နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ကျိန်စာဆိုးက ရုန်းမထွက်နိုင်သေးတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ် ၂ – ၁ လိုင်ယွန်

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ပွဲအချောင်ဆုံး ဂျူဗင်တပ်စ်ကတော့ နှုတ်ဆက်သွားခဲ့ရပြန်ပါပြီ။ ချန်ပီယံလိဂ်သူရဲကောင်း ရော်နယ်ဒို တစ်ယောက် အလီလီနွှဲလာခဲ့သမျှ အီတလီအသင်းနဲ့ ကျမှပဲ ခဲလေသမျှ သဲရေကျနေခဲ့ရပြန်ပါပြီ။ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်မှာ နှစ်ကြိမ်ဗိုလ်စွဲဖူးပြီး ၁၉၉၄-၉၅ခုနှစ် က နောက်ဆုံးတစ်ကြိမ် ဖလားရခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်‌ တွေကနေ လှည့်ပြန်ခဲ့ရတာ များနေပါပြီ။ ပြီးခဲ့တဲ့ ရာသီကလည်း ၁၆သင်းအဆင့်မှာတည်းက ထွက်ရပြီလို့ ထင်ခဲ့ကြပေမယ့် ဒုတိယအ‌ ကျော့မှာ ရော်နယ်ဒိုရဲ့ ဟက်ထရစ်ဂိုးကြောင့် ကွာတားဖိုင်နယ်အဆင့်ထိရောက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေ ဂျူဗင်တပ်စ်ကို မကယ်တင်နိုင်တော့ပါဘူး။ ပေါ်တူဂီသား အနေနဲ့ နှစ်ဂိုးသွင်းပေးခဲ့ ပေမယ့် မန်းဖစ်ဒီပေးရဲ့ ပင်နယ်တီဂိုးက အိုးလေဒီတို့ကို အသဲခွဲသွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုအပေါ်မှာ မှီခိုလွန်းတဲ့ ဂျူဗင်တပ်စ်တို့ ဒီအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ သိပ်ပြီးတော့မထူးဆန်းပါဘူး။ နည်းပြ မာရီစီယို ဆာရီရဲ့ စွမ်းဆောင်ရည်ဟာ ရာသီအလည်လောက်မှာကတည်းက သိသာလာခဲ့ပြီးတော့ ရော်နယ်ဒိုကို အကျိူးရှိရှိ အသုံးမချနိုင်ခဲ့တာကြောင့်လည်း အောင်မြင်မှုမရခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းပြဆာရီကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ လိုင်ယွန်အသင်းအတွက် ကတော့ သိပ်ပြီးများများစားစားပြောစရာမရှိပဲ ဂျူဗင်တပ်စ်လို အသင်းကို နောက်ကောက်ချနိုင်ခဲ့တာကို ပဲ ချီးကျူးရမှာ ဖြစ်ပါတယ်။ လိုင်ယွန်တို့ နောက်တစ်ဆင့်မှာတော့ မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံနေလို့ အခုထက်ပိုကောင်းတဲ့ ခြေစွမ်းပြသနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်‌ တွေကနေ လှည့်ပြန်ခဲ့ရတာ များနေပါပြီ။
ချန်ပီယံလိဂ်ဖလား ၅ကြိမ်ထိရရှိဖူးတဲ့ ရော်နယ်ဒို

 

အထင်ကရအချက်အလက်များ

ပွဲစဥ်ကို ပြန်ပြီးသုံးသပ်ရရင် ဂျူဗင်တပ်စ်တစ်သင်းလုံးမှာ ရော်နယ်ဒို တစ်ဦးတည်း နိုင်ပွဲဆာလောင်စိတ်ရှိတယ်ထင်ရပါတယ်။ နည်းပြဆာရီရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတာ ပထမဆုံးအပြစ်တင်ရမှာ ဖြစ်ပြီး နောက်ထပ်အပြစ်တင်ရမှာကတော့ ကစားသမားတွေ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာ ဂိုးပေါက်ခြိမ်းခြောက်မှု အသာရခဲ့ပါတယ်။ အစောပိုင်းမှာ မန်းဖစ်ဒီပေးရဲ့ပင်နယ်တီ ဂိုးနဲ့ ဂျူဗင်တပ်စ်တို့ နောက်ကလိုက်ကစားခဲ့ရပေမယ့် ရော်နယ်ဒိုက ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီကနေတစ်ဆင့် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း မိနစ် ၆၀ မှာ ရော်နယ်ဒိုက ပင်နယ်တီကနေတစ်ဆင့် ဦးဆောင်ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာ ဂျူဗင်တပ်စ်တို့ နောက်တစ်ဆင့်တက်ဖို့ အတွက် အားစိုက်ကစားခဲ့ကြပေမယ့် ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ နှစ်ကျော့ပေါင်း ၂-၂ ရလဒ်နဲ့ ပွဲပြီးခဲ့တာဖြစ်ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ လိုင်ယွန်တို့ နောက်တစ်ဆင့်တက်ရောက်သွားခဲ့ဝာာ ဖြစ်ပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှု ၁၆ကြိမ်ထိရှိခဲ့တဲ့ ဂျူဗင်တပ်စ်တို့ သွင်းဂိုးတွေ ထပ်မရခဲ့ဝာာကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဥ်များ

ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ်ကို စောစောစီးစီးနှုတ်ဆက်ပြီး ကစားသမားတွေအနေနဲ့လည်း အနားရခဲ့ပါပြီ။ လိုင်ယွန်ကတော့လာမယ့် ၁၆ရက်နေ့မှာ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကစားရမှာ ဖြစ်ပါတယ်။  ကိုဗစ်ရောဂါကြောင့် အခုနှစ်ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကစလို့ ပေါ်တူဂီနိုင်ငံမှာရှိတဲ့ ကွင်း၃ကွင်းမှာ တကျော့တည်းကစားစေမှာ ဖြစ်ပါတယ်။လိုင်ယွန်နဲ့ မန်ချက်စတားစီးတီးတို့က‌တော့ စပို့တင်းလစ်စဘွန်းကွင်း ဂျိုဆေးအဲလ်ဗလာဒီမှာ ကစားရမှာဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်